Professional Authors

သူမနဲ့အိပ်မက်

ကျွန်မရဲ့ အိပ်မက်တွေထဲမှာ
သူ တစ်စွန်းတစ်စ နဲ့ ပါပါလာတာ အတော် ကြာပေါ့ ။
အခုတော့ မပါမဖြစ်တဲ့အစိတ်အပိုင်း တစ်ခုလို။
ကျွန်မအိပ်မက်တွေကို သူပိုင်စိုးထားပေမယ့်
သူ့အိပ်မက်တွေနဲ့တော့ ကျွန်မက မသက်ဆိုင်ခဲ့ပါ။
သူရဲ့ “သူမ” က ကျွန်မမှ မဟုတ်ပဲလေ။
စိတ်ကူးယဉ်တတ်တဲ့ အရင်းခံ ရှိတာ ကျွန်မအမှားပေါ့။
ဒါပေမဲ့ စိတ်ကူးယဉ်ဖြစ်အောင် ဖန်တီးပေးတတ်တာတွေတော့
သူ့အပြစ်မကင်းဘူးထင်တယ်။
သူ့ရဲ့ အပျော်အပျက် ကတိတွေ အတွက်
ကျွန်မ ဝမ်းနည်းရတာလည်း
နေသားတောင် ကျနေလေရဲ့။
သူမနဲ့ပဲသက်ဆိုင်တဲ့
သူ့ရဲ့ အိပ်မက်တွေ တစ်ပုံကြီးကိုလည်း
ကျွန်မ စေ့စေ့ ရင်မဆိုင်ရဲပြန်ဘူး။
ကိုယ်နဲ့မသက်ဆိုင်သူတစ်ယောက်ကိုချစ်မိတဲ့ ဒုက္ခပေါ့။

သူ့ရဲ့”သူမ” က ကျွန်မမှမဟုတ်ခဲ့တာ…။

In: ကဗျာ Posted By: Date: Feb 10, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment