Professional Authors

အနမ်း

ခပ်ဝေးဝေးက
မြောက်လေအေးစက်စက်မှာ
ဘောင်ဘင်ခတ်နေတဲ့ လရောင်နဲ့
ဆောင်းညက တစ်လွင့်လွင့်

ပွင့်ချင်လွန်းပါလျက်
အပွင့်ခက်သည့် အလွမ်းအိပ်မက်များ
ဆောင်းညကိုင်းဖျားကိုင်းနားမှာ
ထိုင်နေရအခက် ထသွားရအခက်

ရင်ထဲမီးနဲ့ အထီးကျန်ညမှာ
ခိုက်ခိုက်တုန်နေတဲ့ အလွမ်းအဆွေးတွေက
စံပယ်တွေလိုဖွေးနေ

မေ့မေ့ဆွေးဆွေး
ချောင်ထိုးထားလို့မရတဲ့
အတိတ်က အကြင်နာအနမ်းဖွဖွများ
ခုထိ ပါးပေါ်မှာ
လတ်လတ်ဆတ်ဆတ် .. .။

In: ကဗျာ Posted By: Date: Jan 26, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment