Professional Authors

ဒါဏ်ရာတွေဗလပွနဲ့ ည

ဝီစကီခွက်တွေကို
ပျားရည်နဲ့စပ်သောက်ဖြစ်တဲ့  ည
စိတ်လေလွင့်သမျှက မိုးတိမ်လို
နှလုံးအိမ်ပေါ်ကန့်လန့်ဖြတ်ကျလာတဲ့
အလွမ်းဓါးချက်များက
ရင်နာစရာအပြည့်

ဗော့ဒ်ကာခွက်တွေကို
လိမ္မော်ရည်နဲ့စပ်သောက်ဖြစ်တဲ့  ည
အတိတ်ကအကြင်နာအရိပ်တွေဟာ
အချစ်ဆိပ်မိနေသေးတယ်
မေ့မရခြင်းကိုအိပ်ဆေးခပ်သတ်ပစ်ဖို့ကြိုးစားတော့
တစ်ရေးနိုးညတိုင်းဟာ
အပိုဆာဒါးများလွန်းတဲ့
ရင်ခုန်သံတစ်ဖျတ်ဖျတ်နဲ့
ရင်နာစရာအပြည့်

ဘရန်ဒီခွက်တွေကို
ခရမ်ဘယ်ရီသီးအချိုရည်နဲ့စပ်သောက်ဖြစ်တဲ့  ည
ညီမလေးရေ မင်းဆိုဆိုပြခဲ့တဲ့
သီချင်းသံပြန်လည်ကြားယောင်တော့
ငါ့ တမ်းတကြေကွဲခြင်းဝိဥာည်က
တစ်စစ်စစ်နဲ့ ရင်နာစရာအပြည့်

သည်လိုနဲ့ သွန်ပစ်ရမှာ
နှမြောစရာကောင်းလွန်းတဲ့
သံယောဇာဉ်လက်ကျန်တစ်ချို့
လည်မျိုမှာတစ်စို့နေပြီး
ချိုမြိန်ချင်ယောင်ဆောင်နေတဲ့
နှုတ်ဆက်အနမ်းမီးစက
ပြီးဆုံးသွားခဲ့သော သောကခြေရာ
ရင်နာစရာတွေက
ငါ့ရင်တစ်ပြင်လုံးအပြည့် .. .။

In: ကဗျာ Posted By: Date: Jan 4, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment