Professional Authors

နားလည်စွာဖြင့် ချစ်ခဲ့သည်

         နားလည်စွာဖြင့် ချစ်ခဲ့သည်
       ——————————————

ချစ်လေးရေ့
နာရီလက်သံလေးတွေက တချက်ချက်နဲ့
ကိုယ့်ကို အိပ်ရာကိုတွန်းပို့နေသလိုပါပဲ။
ညဥ့်နက်နက်မှာ ဆောင်းလေပြေနဲ့
ခိုက်ခိုက်တုန်ရမှာဖြစ်ပေမဲ့
ဒီရင်ထဲ သောကတွေ ကြွေလို့
အနာတရမီးတွေ တောက်လောင်နေခဲ့ပြီ။
သိပ်ချစ်ရတဲ့ ကလေးရယ်
မင်းက ကိုယ့်အတွက် ကလေးဆိုးလေးတစ်ယောက်ပါပဲ
တီတီတာတာလေးတွေနဲ့ နွဲ့ဆိုးဆိုးတိုင်း
အလျှော့ပေးရတာတစ်မျိုး
ခြောက်ရတာကတစ်ဖုံနဲ့
အချစ်ကိုအနားသတ်အောင်
ဒီလူ ပုံဖော်ခဲ့ရပါတယ်။
ဇွတ်တရွတ်က လူကိုဒုက္ခပေးစေလို့
ကျိုးကြောင်းတွေစီလျော်အောင်
ဒီလူ ဘာသာပြန်ပေးခဲ့မယ့်
မင်းအသိနဲ့နားတွေက
ခါးသီးစွာ ပယ်ချခဲ့တယ်နော်။
ရှိစေတော့ ချစ်သူရယ်
မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်
ကိုယ့်မေတ္တာ ဘယ်အခါမပြတ်ခဲ့လို့
စိုးရွံ့စရာ တကယ်မလိုပါ
မင်းတစ်ယောက်သာပုံအောထားလို့
ကြားကားဆိုတာ ဒီဘဝမရှိပြီမို့
နှစ်ခြိုက်လို့သာမင်းအိပ်စေပါ။
ဒီလူ ဒီညမှာဖြင့် အလွမ်းတခြမ်းလေးကို
စောင်လိုခြုံ လို့အိပ်ပါတော့မယ်
လွမ်းစရာ့ ရင်ခွင်မှာ မင်းအလှတီတီတာတွေ
စုရုန်းကာ တာဆူနေကြတယ်
အိမ်မက်မှာ သူတို့ပျော်ဖို့
အလွမ်းသား ကိုယ်လူချော အိပ်ပါတော့မယ်
မနက်မှ ကိုယ်ပြန်ချော့ပါ့မယ်
နှစ်ခြိုက်စွာ မင်းအိပ်လိုက်စမ်းပါ
ဆွေးစရာ ကိုယ်တစ်ယောက်ရယ် ကျန်တော့တယ်
နှုတ်ဆက်လို့ အိပ်စို့ကွယ်

                                   (ဒဏ်ရာ) 

In: ကဗျာ Posted By: Date: Dec 7, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment