Professional Authors

မျှော်လင့်ချက်ရဲ့အဆုံး

ငါ့ဘ၀မှာ အဖြစ်ချင်ဆုံးက
မင်းပခုံးကိုမှီပြီး တစ်မှေးလောက် အိပ်ဖူးချင်တာပဲ…။
ဒါပေမယ့်…
ဒါဟာ စိတ်ကူးယဉ်တာပဲ ဖြစ်လိမ့်မယ်။
ဘယ်လိုမှ မဖြစ်နိုင်ပေမယ့်…
မိုက်ရူးရဲဆန်တယ်ပဲပြောပြော
အစဉ်တစိုက်မျှော်လင့်မိနေဆဲပါ။
ဘယ်လိုအချိန်မျိုးပဲ ဖြစ်ဖြစ်ပေါ့။
မင်းအနားမှာရှိရင် ငါပျော်တယ်။
ဒါကို ဘာခေါ်မလဲ? ။
ဆုံးရှုံးလိုက်ရတဲ့ မင်းရဲ့ မျက်ဝန်းတစ်စုံ
အဲ့ဒီအစား ဘာလျော်မလဲ? ။
တန်ဖိုးက ကွာဟလွန်းပါတယ်ကွာ
မတန်တဆပေါ့ ၊ ဘယ်တော့မှငါပြန်မရတော့တဲ့
ချိုမြိန်သော မင်းနှုတ်ခမ်းကို သံသယမလျော့တဲ့
ခါးသက်သက်အရာတွေ ဖုံးလွှမ်းနိုင်ခဲ့ပြီလား? ။
ငါနားမလည်နိုင်တာ …
ဇာတ်လမ်းက ဆုံးခမ်းတိုင်ခဲ့ပြီလား။

In: ကဗျာ Posted By: Date: Nov 26, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment