Professional Authors

စကားဝါပွင့် အိမ်

ကောင်းကင်ပြာပြာရဲ့
ပန်းချီကားဟာ
ညီမလေးရဲ့ ပုံတူဖြစ်တယ်

ညနေရီ
ဆည်းဆာအလှကလဲ
ညီမလေးရဲ့ ပုံတူပဲဖြစ်တယ်

တောတန်းထဲမှာပွင့်နေတဲ့
တောပန်းလေးတွေဟာလဲ
ညီမလေးရဲ့ ပုံတူပဲပေါ့

ကြည့်လိုက်စမ်းပါကွဲ့
တောင်ကုန်းလေးဘေးမှာ
ပါတ်ခွေစီးနေတဲ့ စမ်းချောင်းလေးကိုက
ညီမလေးရဲ့ ဆံနွယ်လေးလို

ညီမလေးက
ရှက်သွေးဖြာနေတဲ့ အချစ်ကို
ပါးပေါ်မှာ သနပ်ခါးလိုလိမ်းတော့
ကိုယ့်ရင်ဘတ်ထဲက နှလုံးသားဟာ
အချစ်ကိုသောက်ပြီးပွင့်တဲ့
ပေါက်ပွင့်နီနီလို

စကားဝါပွင့်ကြွေလေးတွေကောက်ပြီး
စကားဝါတဲအိမ်လေးဆောက်ခဲ့တယ်
ညီမလေးနဲ့ နှစ်ယောက်ထည်းနေဖို့လေ
ဘယ်မှာလဲလို့ မမေးပါနဲ့ ညီမလေး
ဒီကမာမြေမှာမဟုတ်ဘူး
ဘယ်သူမှမမြင်နိုင်တဲ့
ကိုယ့်ရင်ထဲမှာ .. .။

In: ကဗျာ Posted By: Date: Sep 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment