Professional Authors

သံသရာ အဆက်​ဆက်​(လူ​လေး ( အညာ​မြေ ))

နှောင်တွယ်မိသည်မှ
ထာဝရဖြစ်
နှစ်နှစ်ကာကာ
အကြင်နာတိုး
မြတ်နိုးရင်းခံ
ချစ်မိပြန်တယ်
အဖယ်ခက်သော သံယောဇဉ်ကြောင့်…။
မြင်စမ်းစေချင်ရဲ့
အရိပ်ဖွဲ့လာ
ရင်တွင်းမှာစု
သူ့စကားများ
ကြားယောင်နေတတ်
မျှော်နေတတ်တာ
သူသာသိလျှင် ကောင်းမှာပဲလေ…။
အသဲတစ်နေရာ
မြင်သာအောင်လှစ်
ဖြစ်ဖြစ်သမျှ
ချစ်ရပါ၍
ဖူးတွေ့ခွင့်ပန်
အဖန်ထပ်ထပ် တရံမလပ် ဆုခြွေထား
သံသရာ….
သံသရာအဆက်ဆက် ချစ်ပါရစေသား…။ ။
#လူလေး(အညာမြေ)
In: ကဗျာ Posted By: Date: Sep 13, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment