Professional Authors

ခေါင်းစဉ်မဲ့

ရေခဲငှက်လို

နှင်းပန်းတွေဝဲပျံနေတဲ့

ဆောင်းဦးရာသီရောက်ချင်လှပြီ

 

ဆောင်းဥပေါက်ရဲ့တောင်ပံခတ်သံကို

နားသောတဆင်ဖို့ နားရွက်တစ်စုံတပ်ထားလိုက်ပြီ

ဖိနပ်တစ်ရံဝယ်မယ် ခြေထောက်တစ်စုံထပ်ဝယ်မယ်

ရွှေရောင်တောက်တဲ့ညနေခင်းတွေထဲ

လမ်းလျှောက်ထွက်ချင်လို့

 

နက်နက်ရှိုင်းရှိုင်း

ထိထိမိမိတွေးတတ်တဲ့ စိတ်ဦးနှောက်တစ်လုံးဝယ်မယ်

နောက် စကားလုံးလှလှရေးလို့ရမယ့်

လက်နှစ်ဖက်ဝယ်မယ်

အနည်းဆုံး ကဗျာတစ်ပုဒ်လောက်

ဆောင်းရင်ခွင်ထဲမှာ ရေးချင်လို့

 

ရင်ခုန်သံတွေ

အကြင်နာတွေ

မေတာတွေဝယ်ပြီး

ကျောပိုးအိပ်တစ်လုံးအပြည့်လွယ်ထားမယ်

နှလုံးသားဆိုတဲ့အပိုပစ္စည်းကြီးပါ ရင်ဘတ်ထဲမှာတပ်ဆင်ထားမယ်

အသုံးကျမယ်ထင်ရဲ့ လိုရမယ်ရ

 

စိတ်အတွေးမှာစုပုံလာတဲ့ အစိုင်အခဲတွေကို

တစ်ရာသီလုံး ပစ်စက်လက်ခတ် သွတ်သွတ်ခါအောင်

ဆာဆာလောင်လောင် စိတ်ရှိလက်ရှိ

တစ်ဖက်စောင်းနင်း ယင်းထကြည့်လိုက်မယ်

မျက်စိကန်းတစ္ဆေမကြောက်သလိုမျိုး

 

အဲဒီဆောင်းရာသီ အဆုံးသတ်ဖို့

ရက်ကောင်းရက်မြတ်ရွေးထားပြီး ငှက်ကြီးတောင်ဓါးထက်ထက်

တစ်လက်ကိုနောက်ဆုံးဝယ်မယ်

 

ရွဲ့စောင်းနေတဲ့

ဆောင်းနောက်ဆုံးညမှာ နောက်ဆုံးအနေနဲ့

ပုခုံးပေါ်ကဦးခေါင်းကို ငှက်ကြီးတောင်နဲ့

ဂတုံးတုံးပြီး တိကနဲဖြတ်ပစ်လိုက်မယ်

 

မိုက်မဲလှစွာ ငိုက်ကျသွားတဲ့

ဦးခေါင်းရဲ့ ညနေဟာ ခုသူရေးထားတဲ့ ဒီကဗျာကို

ခေါင်းစဉ်ပေးမထားခဲ့ရှာဘူး .. .။

 

In: ကဗျာ Posted By: Date: Sep 3, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment