Professional Authors

ခပ်ပါးပါး

တွေ့မြင်မိသမျှတော့ အချစ်ဆိုတာ….
ချစ်ခဲ့ကြတော့လည်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ၊
အမုန်း ….
မုန်းကြပြီဆိုတော့လည်း ပြန်မကြည့်ချင်လောက်အောင် မုန်းခဲ့ကြ၊
ဒါတွေကြောင့် အချစ်ကို ယုံကြည်လွန်းတဲ့ ကျွန်တော်….
တကယ်မချစ်ရဲသလို အချစ်စစ်ဆိုတာ ဘာလဲမသိခဲ့ 
ဒီလိုနဲ့ပဲ အရာအားလုံးဖြစ်ပျက်နိုင်တဲ့ လောကကြီးထဲမှာ
ဒီအချစ်နဲ့အမုန်းကို
ခပ်ပါးပါးလေးပဲ ကြည့်တတ်ခဲ့ပြီ။

In: ကဗျာ Posted By: Date: Jul 9, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment