Professional Authors

ရိုမန်ကာ့(ခ်)ဘယ်လီ ကို အားနာတဲ့ ညနေခင်း

ဒီဇင်ဘာဟာ သူ့အတွက် အရေးကြီးဆုံး
နေ့ရက်ကို ထမ်းပိုးသယ်ဆောင် ခုတ်မောင်းနေရဲ့ …..
ငှက်ပျိုတစ်အုပ်ဟာ မွေးတွင်းပါ မာန် နဲ့
ကောင်းကင်ကို ခွဲထွက်တော့မတတ် 
အတောင်ပန်တွေ ဆန့်ထုတ် ခတ် တက် လို့ ……..
ဂျေရုစလန်(မ်) ခေါင်းလောင်းသံများကို
သင် ကြားလိုက ကြားနိုင်တဲ့ ညနေ ……။

ဟိုးအတိတ်က ရွက်ကြွေများကို
မျက်စိရှေ့မှာ ဖွား ကနဲ့ ပြန်မြင်တွေ့
ဒါ ရုပ်ရှင် အနှေးပြကွက်တစ်ခုမဟုတ်ခဲ့
ဒါဟာ နှစ်ပေါင်းများစွာ ကွဲကွာခဲ့တဲ့
ငါ နဲ့ ခပ်ဆင်ဆင် ရန်သူတစ်ဦးဖြစ်တယ် ……။

စီးကရက်တွေသောက်နေတုန်းလား တဲ့
အာတီးဖစ်ရှဲလ် အကောင်းစားနှုတ်ခမ်းရဲရဲ နဲ့
ဟင့်အင်း ခင်ဗျားအကြည့်တွေ ကျုပ်ကို 
မဆွဲယူနိုင်တော့ပါဘူး …. ကျုပ်ဟာအခိုးအငွေ့ဆို
ခင်ဗျားဟာ အကြောင်းအရင်းခံမီးပဲ
ထပ်ပြီးတော့ ကျုပ်ကို ဘေဘီလို့မခေါ်နဲ့
ကျုပ်ရဲ့ ကော်ဖီတွေ သဘာဝအတိုင်းပဲ ခါးသက်ပါစေ ……။

အလိမ်အညာတွေ ကြားရခဲတဲ့ ကျုပ်ရဲ့ပတ်ဝန်းကျင်မှ
ဝိသေသ မဆန်ချင်စမ်းပါနဲ့ အဆိပ်သုတ်ဓါးသွားမှာ
မျက်ရေတွေ ကွဲအက်ပွင့်ထွက်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့
ဇာတာမှာ ခင်ဗျားဟာ ကြက်ခြေခတ်ရာတစ်ခုပဲ
ဒီဇင်ဘာမှာ ဒီမာယာခြေချခဲ့တာ 
ကျုပ် ရိုမန်ကာ့(ခ်)ဘယ်လီ ကို အားနာမိတယ်ဗျာ …………။

In: ကဗျာ Posted By: Date: Jul 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment