Professional Authors

အလှဆုံးသော ငှက်ကလေး ငါဖြစ်ရင်

*လက်လွှတ်လိုက်တာမဟုတ်ပေမယ့်
ကိုယ်မပိုင်တော့တဲ့ အမှန်တရား၇ှိတယ်
*မနစ်နာပေမယ့် ဆုံးသွားတဲ့ အခွင့်ရေးတွေရှိတယ်
*ချန်မထားခဲ့ပေမယ့် ကျန်ခဲ့တဲ့ အမှတ်တမဲ့ တွေနဲ့
*ထုဆစ်လိုက်တာ မဟုတ်ပေမယ့်
မလွန်ဆန်နိုင်တဲ့ မြဲမြံမှု့
သဘာဝရဲ့ ရုပ်ကြွင်းတစ်ခုက ငါဖြစ်ရင်
ချစ်သူ့ရဲ့ ရင်ခွင်ဟာ
ဘာဖြစ်မလဲ.
ငါ ရှိတဲ့ လွင်ထီးခေါင်ပြင်။
*အလှဆုံးသော ကဗျာထဲက
ငှက်ကလေး ငါဖြစ်ရင်
ချစ်သူ့ရဲ ရင်ခွင်ဟာ
 လောကကြီးရဲ့ ကောင်းကင်။

In: ကဗျာ Posted By: Date: Jun 3, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment