Professional Authors

ရာဇဝင်ထဲမှာ ထားခဲ့

ထားခဲ့လိုက် ရာဇဝင်ထဲမှာ
ခံစားချက် အစုတ်အပြတ်တွေနဲ့

အလွမ်းဆိုတာ
ငါ့ရဲ့ တစ်ဦးတည်း​သော မိတ်ဆွေ
လက်​တွဲ​ဖော်​ဆိုတဲ့ လူတစ်ယောက်ကို​တော့
ရှာ​နေမိ​သေးတယ်
 
သိပ်တော့ ​မျှော်​လင့်မထားဘူး  
ရင်ခုန်သံငွေ့ငွေ့ေ​တာ့ ကျန်နေသေးတယ်
ရင်ငွေ့မကုန်မချင်း ရှာဖို့ ရည်ရွယ်ထားတယ်     

ကျုပ်နားမှာ
ကြယ်တွေတောင် မနေချင်လို့
ကျော​ပေးပြီး ကြွေဆင်းသွားတယ်
ခံစားချက်တွေတောင် လိုက်မလာတာ
ဘာမှ မ​မျှော်​လင့်​​တော့ဘူး

ကျုပ်တစ်ယောက်တည်း ရှာရုံ​ပေါ့             
တစ်ခု​ဘဲ ပြောခဲ့မယ်
မိုး​သောက်လို့မှ ပြန်မလာရင်               
ကျုပ်အချစ်တွေကို                                  
ဒဏ္ဍာရီတစ်ခုလို့သာ မှတ်​လိုက်​ပါ​တော့…….။       ။
In: ကဗျာ Posted By: Date: May 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment