Professional Authors

အစွန်.ပစ်ခံ..အိမ်ပြန်လမ်း

လရောင်ဟာ..
ငါ့ရင်ဘက်ပေါ်…
ယိုစီးဖိတ်ကျလည်း….
မအေးချမ်းနိုင်ပါလား။

လေညှင်းကလေးက
ဟာသတစ်ပုဒ်ညည်းဆိုနေလည်း
ငါမပြုံးဖြစ်ဘူး။

ငါ့အဖြစ်ကိုညည်းဆိုတော့
အသည်းတုန်အောင်..
အရွဲ.တိုက်ပြီးရီမောပစ်လိုက်တယ်။

ထုံးလိုချေ …. ရေလိုနောက်ဆိုတာ
သူသုံးနေကျစကားလား။

မူန်လဲ့လဲ့ ကြယ်ရောင်အောက်မှာ
ငါ့ရဲ. အိမ်ပြန်လမ်းဟာ….
မိုးရေကြောင့်လား….
မျက်ရည်ကြောင့်လား
မဝေခွဲနိုင်အောင်
စိုစွတ်နေပါလား။။။။။။။။။။။။။။။။။။

In: ကဗျာ Posted By: Date: May 16, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment