Professional Authors

အခန်းနံပါတ် ၁၃

ဘဝဆိုတဲ့ ပိတ်စဖြူ ပေါ်မှာ
ခံစားချက်တွေ ဆေးခြယ်နေတာ
အပြုံးအတုတွေပါတယ်
ဒဏ်ရာတွေပါတယ်

မလှမပဖြစ်နေလို့
ရိုးသားမှုကို ထည့်မိပါရဲ့
လှောင်ရယ်မှုတွေပါ ရောက်လာတယ်

ကျုပ်ပန်းချီကားက ဆွဲဆောင်မှုတော့ မရှိဘူး
ဒါပေမဲ့ လူတွေသိအောင်တော့ ပြထားမယ်
ကြည့်ချင်သူတွေ လာခဲ့ပါ
အခန်း နံပါတ် ၁၃မှာ ပြထားတယ်
In: ကဗျာ Posted By: Date: May 14, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment