Professional Authors

”၅၂၈”နဲ့ ”၁၅၀၀”

”၅၂၈” ဆိုတာ ကိန်းဂဏန်းအရ တန်ဖိုးနည်းပေမယ့်

”၁၅၀၀” ထက်တော့
မေတ္တာတရား ကြီးမားတာပေါ့…..
ပေးဆပ်ပြီးချစ်တဲ့အချစ်နဲ့ ရယူသိမ်းပိုက်ချင်တဲ့အချစ်……
နှစ်မျိုးလုံးကို ”၁၅၀၀” မှာတွေ့ ရင်တွေ့ ရမယ်
”၅၂၈” မှာတော့ ပေးဆပ်မှုပဲရှိတာ
သေချာတယ်…..
”၅၂၈” ကို လူတိုင်း သိပ်သတိမထားကြပေမယ့်
”၁၅၀၀” ဆိုတဲ့ ခံစားချက်ကြီးကိုတော့ လူတော်တော်များများ သိကြတယ်ဆိုရင်ရော ဘာပြောဦးမလဲ……
”၅၂၈” ကလဲ နှလုံးသားနဲ့အရင်းတည်သလို
”၁၅၀၀” ကလဲ နှလုံးသားအတွက်မရှိမဖြစ်ပဲလေ
အကယ်၍ ဒီကဗျာ ဖတ်သူတိုင်းကို
”၁၅၀၀” နဲ့ ”၅၂၈” နှစ်ခုရဲ့ ကွာခြားချက်က
ဘာလဲလို့ မေးလိုက်ရင်ရော……
”၉၇၂” လို့ပဲဖြေမလား ”ကိန်းဂဏန်းအကြီးအသေး”လို့ပဲပြောမလား……
အဖြေမှန်ကိုသိချင်အံ့……
In: ကဗျာ Posted By: Date: May 11, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment