Professional Authors

မွေးနေ့ရော မွေးရက်ပါတူတဲ့ကောင်မလေး

ငါ့နဲ့မွေးနေ့ရော မွေးရက်ပါတူတဲ့ကောင်မလေးရေ…
မင်း…ငါ့ကိုချစ်သည်ဖြစ်စေ.. မချစ်သည်ဖြစ်စေ…
မင်းနဲ့ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို
ငါ ကျေးဇူးတင်ပါတယ်။

ငါ့နဲ့မွေးနေ့ရော မွေးရက်ပါတူတဲ့ကောင်မလေးရေ…
ကံကြမ္မာကပဲ ငါ့ကို…မင်းနဲ့ အဝေးဆုံးနေရာတွေမှာ ပို့ပို့ထားပေမယ့်
မင်းကို နေ့စဉ်နေ့တိုင်း သတိရနေတတ်တဲ့
ငါ့ရဲ့စိတ်ကိုလည်း ငါ ကျေးဇူးတင်ပါတယ်။

ငါ့နဲ့မွေးနေ့ရော မွေးရက်ပါတူတဲ့ကောင်မလေးရေ…
ဒီဘ၀မှာ…
မင်းနဲ့ချစ်ခွင့်မရှိတော့ဘူး၊ ပတ်သက်ခွင့်မရှိတော့ဘူးဆိုရင်တောင်
ငါ့ရဲ့ ဒီတစ်သက်တာလုံး မင်းကိုပဲ ထာဝရချစ်သွားမယ်ဆိုတဲ့
ငါ့ရဲ့ နှလုံးသားကိုလည်း ငါ ကျေးဇူးတင်ပါတယ်။

အချုပ်ကတော့
အခုအချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ ချစ်မြဲချစ်နေတဲ့
ငါ့ရဲ့နှလုံးသား၊ ငါ့ရဲ့စိတ်၊ ငါ့ရဲ့အသွေးအသားတွေကို
ကျေးဇူးတင်မဆုံးရှိနေတဲ့အကြောင်းပါပဲ
ငါနဲ့မွေးနေ့ရော မွေးရက်ပါတူတဲ့ကောင်မလေး
ငါ့ချစ်သူ… ငါ့ကောင်မလေးရေ……….။    ။

– Ad16 –

 

In: ကဗျာ Posted By: Date: Feb 15, 2014
Comment #1

Interesting

commentinfo By: ei lay at Feb 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment