Professional Authors

သတိရညနေခင်း

ပွင့်နေတဲ့ တံခါးရွက်တွေလို
ပျံနေတဲ့ငှက်ကလေးတွေလို
မွှေးမြနေတဲ့ ပန်းလေးတွေကြား
စိတ်ကို အမိုးအကာမရှိ လွှတ်ထားမိတဲ့ ညနေ

သံယောဇဉ် ဆိုတော့ဖြတ်ရခက်တယ်
ဖုန်းထဲကစာလေးတွေက မေ့ရခက်တယ်
အိပ်မက်ကို ဆက်သွယ်လိုက်တဲ့ခဏ

နှင်းဆီရောင်ကောင်းကင်ထဲ
အိမ်ပြန်ချိန်ကို ပြန်မခေါ်ချင်တော့ဘူး. . .

လေရူးတွေတိုက်တဲ့ဝန်းကျင်မှာ
စိတ်ကူးနဲ့ရပ်ငေးနေတုန်း
ချိုတေးသံလွင့်ပျံလာ
ကိုယ့်လိပ်ပြာ သူ့လှောင်အိမ်လေးထဲပါသွားတယ်

လသာညရဲ့ ကြယ်တွေနဲ့အတူ
ိုပြန်ထည့်ပေးဖို့
နေမင်းနဲ့ လူကြုံပါးလိုက်ပါရစေ. . .

In: ကဗျာ Posted By: Date: May 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment