Professional Authors

ကျွန်တော်နှင့်စကားပြောခြင်း

ညတုန်းက. . .
ကိုယ့်အခန်းလေးထဲကို
သူရောက်လာခဲ့တယ်
ဝေဒနာဆိုတာ နာတာရှည်ရောဂါတစ်ခုပဲ
အိပ်မက်တွေ သိမှုနယ်လွန်ကုန်ကြပြီ
နှလုံးသားပေါ်ခဏအိပ်ခွင့်ပေးလိုက်တဲ့
ဗိုင်းရပ်စ်တစ်ကောင်ကြောင့်
မျိုးပွားခံလိုက်ရတဲ့နှလုံးသားအတွက် ခိုနားစရာရင်ခွင်ဘယ်မှာလဲ
လိပ်ပြာတွေမနှစ်သက်တဲ့ပန်းတစ်ပွင့်ဟာ
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အကြောင်း
ကိုယ်နေတဲ့အခန်းလေးထဲမှာ အေးတိအေးစက်နေ့နဲ့ညတွေက တီးတိုးစကားဆိုနေကြတယ်
လူသွားလူလာများတဲ့လမ်းဟာ အပျက်အစီးမြန်တဲ့အကြာင်း
အမြန်ယာဉ်စီးတဲ့အခါ အသက်အန္တရာယ်
သတိထားဖို့လိုကြောင်း
ရန်ကုန်မန္တလေး လမ်းမကြီးက သတိပေးနေတယ်
ဂစ်တာတီးပါ
သီချင်းနားထောင်ပါ
ကဗျာတစ်ပုဒ်နေ့စဉ်မှီဝဲပါ
ဝတ္ထုတစ်ပုဒ်နေ့စဉ်ဖတ်ပါ
ယနေ့ညမီးပျက်နေပေမယ့်
မနက်ဖြန်နေသာလိမ့်မည်
အချိန်ဆိုတာနောက်ပြန်လှည့်လို့မရဘူး
ခေါင်းကိုငဲ့စောင်းကြည့်ပါ
ကမ္ဘာကြီး ၂၃နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းနေပါသည်
လေကိုရှူရှိုက်ပါ
စီးကရက်ငွေ့ကို မှုတ်ထုတ်လိုက်ပါ
ကွမ်းတံတွေးမထွေးရ ဆိုင်းဘုတ်နားတွင်
ကွမ်းယာဆိုင်တစ်ဆိုင်ရှိသည်
ဥပုသ်စောင့်ပါ
တရားထိုင်ပါ
ညတိုင်းဘုရားရှိခိုးပေမယ့်
ဘာတွေကြောင့် ဘဝကမစိုပြေတာလဲ မမေးပါနဲ့
ကောင်းကင်ကိုကြည့်ပါ
ကြယ်ကြွေရင် တောင်းဆုခြွေပါ
ညအခါ လသာသာ
ကစားမလာ နားမလားဆိုတာ
ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကျောင်းသင်ခန်းစာ
ရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ
ရည်ရွယ်ချက်ကိုရှေ့တန်းတင်ပါ
ဦးတည်ချက်လေးရပ်ကတော့ လမ်းလွဲနေတုန်းပါပဲ
သမိုင်းကိုလေ့လာပါ
ပညာကိုဆည်းပူးပါ
အနုပညာကိုမလေးမစားမလုပ်ပါနဲ့
လူတိုင်းကိုလေးစားပါ
ကိုယ့်ကိုယ်ကိုယ်တန်ဘိုးထားပါ
အမှန်တရားဟာ ဈေးမကစားတတ်ဘူး
ဆေးရုံမှာ ဈေးမဆစ်ပါနဲ့
ရဲစခန်းမှာ ဈေးမဆစ်ပါနဲ့
တရားဥပဒေကို ဈေးကြီးကြီးပေးဝယ်လိုက်ပါ
စကားပြောမှားသွားရင် ခွင့်လွှတ်ပါ. . .

In: ကဗျာ Posted By: Date: May 4, 2015
Comment #1

အရမ်းကြိုက်​တယ်​​ဗျာ အမှန်​တရား​တွေကြီးပဲ အား​ပေးတယ်​ bro

commentinfo By: AKHT at Jul 18, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment