Professional Authors

သူစိမ်း – ၆ (စိုင်းဝင်းမြင့်)

အမေနဲ့သား
စကားမပြတ်ဘူး
လျှပ်စီးရောင်တလက်လက်
အသံပေးတယ်။
ဘ၀နဲ့ ဝေးရာ ငေးမိသူ
ဘ၀နဲ့ ဝေးရာ ပြေးမိသူ
လွမ်းပေါ့
ရင်ပြည့်ရင်လျှံ
ဝန်တင် (၂) တန်
လူစီး (၂၆) ဦး
ချစ်မေတ္တာအပြာကြီး
ရသမျှ အငမ်းမရ
ဆွတ်ဆွတ်ယူသွားပုံလေးကိုပဲ
အမေ့မှာ တရိပ်ရိပ် တရေးရေး
ရပ်ငေးကျန်ရစ်တယ်။ ။
စိုင်းဝင်းမြင့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment