Professional Authors

သူစိမ်း – ၅ (စိုင်းဝင်းမြင့်)

ရာသီဥတုက
အိမ်အပြင်မှာ တစ်ခု
အိမ်ထဲမှာ တစ်ခု
ငါ့ရဲ့ လူ့အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီ ရှည်လျား
ငါ့ ခြေတစ်လှမ်းဟာ
ငါ့ အိမ်နဲ့ ဝေးရာ
နောက်ထပ် ငါ့ ခြေလှမ်းများ
ငါ့ ဘ၀နဲ့ ဝေးရာများ။ ။
စိုင်းဝင်းမြင့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment