Professional Authors

နှောင်း

နွေကိုကြို
ဥသြပျိုကို မြင်ကာမှ
ဆောင်းညတွေ နှုတ်ဆက်သွားမှန်းသိတယ်။

နွေမှာကြွေ
ရွက်ခြောက်တွေမြင်ကာမှ
မိုးဦးရွက်နုတွေ ရင့်ရော်ကုန်ပြီမှန်းသိတယ်။

ဒီလိုပါပဲလေ
သူ့နှုတ်ခမ်းထက်
အစိမ်းရောင်စကားပန်းတွေပွင့်မှ
ကိုယ့်ရင်ခွင် ဟောင်းသွားမှန်း သိခဲ့ပါတယ်။

-Zora-
 

In: ကဗျာ Posted By: Date: Feb 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment