ခရုဖတ်ဖို့ ၃
ခရုရယ် …
နင်နဲ့ မသိခင်အချိန်အထိ …
တယောက်ထဲနေရတဲ့ ဘဝဟာလည်း
တခါမှအထီးမကျန်ခဲ့ဘူး
ငါ့ကိုတကယ် နားလည်တဲ့သူ
တစ်ယောက်မှ မရှိခဲ့ဘူး
ပြသနာတွေကို နှစ်ယောက်အတူ
ဖြတ်ကျော်နိုင်မှန်း မသိခဲ့ဘူး။
အခုတော့လေ …
သံယောဇဉ်ဆိုတာ အဲ့ဒီလောက်
အမြစ်တွယ်တတ်မှန်း မသိခဲ့ဘူး
အမှတ်တရဆိုတာ အဲ့ဒီလောက်
မေ့ပစ်ရခက်မှန်း မသိခဲ့ဘူး
မျက်ရည်ဆိုတာ အဲ့ဒီလောက်
ကျဖို့လွယ်မှန်း မသိခဲ့ဘူး
အချိန်တွေကို နောက်ပြန်ဆုတ်ခဲ့လို့ရရင်
ငါနင့်ကို မသိခဲ့ချင်ဘူး
ငါအခု ငိုနေမိတာ
နင်မသိဘူး ။ ။
Composed by admin
#khayu_mhmccc
www.facebook.com/mghlamyo.ccc
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service