Professional Authors

ရင်ခုန်ဘက်

ရင်​ခုန်​ဘက်

ဟောဒီည….
နှလုံးသားတစ်​စုံ
ဖူးပွင့်​လိုက်​ပုံများ
အမုန်းတရား နတ္တိ ။ ။

ကမ်းမရှိတဲ့အချစ်​နဲ့
ကျွန်​​တော်​တို့..
အသစ်​အသစ်​​သော
စိတ်​ကူး ​တွေကို​ထွေး​ပွေ့ပြီး
ပျော်​လို့ မြူးလို့ ။ ။

ကူးခတ်​ရာမဲ့တဲ့နွံ
ပျော်​​ပျော်​ကြီး ကျွံဝင်​ကြည့်​တယ်
မထိတထိနဲ့ကပ်​ငြိ
ဟိုးးးးးအနာဂတ်
တိုင်းပြည်​အထိ​ပေါ့ ။ ။

အသိ​တွေအကြည့်​​တွေ
ရီ​ဝေမူး မချစ်​ဖူး​သေးတဲ့
အချစ်​ရူး တစ်​​ကောင်
အချစ်​ဦး ရင်​ခွင်​လွှာမှာ
အချစ်​မူး မူး​နေခဲ့ပါတယ်​။ ။

ကောင်​မ​လေး..
နင်​ကငါ့ချစ်​သူမဟုတ်​သလို
ငါကလည်းနင့်​ ချစ်​သူ..
မဟုတ်​ခဲ့ပါဘူး ။ ။

နင်​နဲ့ငါက
နှလုံးသားကိုတံတိုင်းခတ်
ဘယ်​လိုအမုန်းနဲ့မှ..
ဖျက်​လို့မရတဲ့ရင်​ခုန်​ဘက်​​နော်
ကောင်​မ​လေး ။ ။

နေရာသစ်

In: ကဗျာ Posted By: Date: Jan 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment