Professional Authors

မ​ပြောင်းလဲခြင်း

အချိန်​ ရာသီ ​ပြောင်းခဲ့ပြီ
မှုန်​၀ါးခဲ့အတိတ်​ပန်းချီ…
ကာရန်​မညီခဲ့တဲ့ဆန္ဒတစ်​စုံရဲ့
အာရုံ​တွေလဲပျက်​ခဲ့ပြီ….
.
ပြောင်းပြန်​မလည်​​တော့တဲ့နာရီနဲ့
ရေနှစ်​ခါချိုးလို့မရတဲ့မြစ်​ရဲ့…
အသစ်​အသစ်​နဲ့ဖြစ်​ပျက်​​တွေထဲ
ရုန်းကန်​​နေရဆဲ​နေ၀င်​ချိန်​….
.
တိမ်​ပလီကို​ငေးလို့ကြည့်​ရင်း
နေရီရီမိုးချုပ်​သွားခဲ့ပြီ
မင်းနဲ့ငါရဲ့အရိပ်​​တွေကလဲ
ပြန်ဆယ်လို့မရတဲ့​ဝေဒနာနွံဗွက်​ထဲ…
.
မပြီးဆုံး​သေးတဲ့ပြီးဆုံးခြင်း
မျှော်​လင့်​ချက်မရှိ​တဲ့​မျှော်​လင့်​ခြင်း
ရင်​ခွင်​မဲ့သူရဲ့ရင်​ခွင်​ထဲမှာ​လေ
အခါခါအထပ်​ထပ်​ရပ်​လို့မရဘူး​လေ…
.
နေပါ​စေရှိ​စေ​တော့ရယ်​လို့
မနိုင်​​တော့လို့ ခန္တီစလိုက်​ပါတယ်
မမြင်​ကွယ်​ရာကမျက်​၀န်းထဲမှာ​တော့
ပင်​လယ်​​ရေဘယ်​မခန်းသလိုမျိုး
တိမ်​မိုး​တွေအထပ်​ထပ်​ဆင့်​လို့
သတိရခြင်းတို့နဲ့ ညိုမလိုပြိုမလို…..
In: ကဗျာ Posted By: Date: Dec 17, 2014
Comment #1

တိုက်​ဆိုင်​မှုရှိခဲ့လျှင်​…..မငို​ကြေး….

commentinfo By: kgyi at Dec 17, 2014
Comment #2

Why don’t you go solve your problems face to face. This place is not for the lousy comments! Please!

commentinfo By: kgyi at Dec 24, 2014
Comment #3

Kgyi ဘာ​တွေ​ရေးထားတာလဲဟင်​။ ဘို လို ​တွေ ။ နားမလည်​ဘူး။ ဘာသာ ပြန်​ပြ ။:-)

commentinfo By: PaukSa at Dec 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment