Professional Authors
ကမ္ဘာပျက်​တဲ့​နေ့
ကမ္ဘာပျက်​တဲ့​နေ့
တိမ်​ညို​တွေပြိုဆိုင်း
ရိုင်းစိုင်းတဲ့​ကောင်းကင်
ရက်​စက်​တဲ့​လေပူမုန်​တိုင်း
နိုးထခဲ့ နံနက်​ခင်းမှာ
ကြားလိုက်​ရတာ ငှက်​ဆိုးထိုးသံတစ်​ချက်
အပူပြင်းဆုံး​နေမင်းရယ်
ကြမ်းရှရှ​လေပြင်းတစ်​ချို့ရယ်
ယိုင်​နဲ့နဲ့ အသည်းနှလုံးရယ်
ပျောက်​ဆုံးသွားတဲ့ ​ပျော်​ရွှင်​ခြင်းအပိုင်းအစ​တွေရယ်
သာယာခြင်းကင်းမဲ့တဲ့ ပတ်​ဝန်းကျင် 
ငါ့ရဲ့ကမ္ဘာငယ်​​လေးပျက်​စီး​နေပါ​ပေါ့လား
အိုဘယ့်
အရှုံးမ​ပေးပါဘူး
ယိုင်​နဲ့နဲ့ နှလုံးသား​ပေါ်မှာမင်းနာမည်​ကဗျည်းထိုးထားတာပဲ​လေ
အိုဘယ့်
အရှုံးမ​ပေးပါဘူး
စည်းချက်​မမှန်​တဲ့ နှလုံးခုန်​သံကလည်းမင်းနာမည်​ပဲ​လေ
ငါ့ရဲ့စိတ်​ဝိဥာဉ်​ထဲမှာမင်းကရှင်​သန်​လျက်​ပဲ​လေ
အိုဘယ့်
အရှုံးမ​ပေးပါဘူး
မျှော်​လင့်​ချက်​ကိုယ်​စီနဲ့ အသက်​ရှင်​​နေကြတဲ့ လူသားဘဝမှာ
ငါ့ရဲ့
ဘဝ
ငါ့ရဲ့
မျှော်​လင့်​ချက်​ကမင်းပဲ​လေ
                                  《\\—|☆\\☆\\∠》
In: ကဗျာ Posted By: Date: Jan 23, 2014
Comment #1
Super like
commentinfo By: ei lay at Jan 24, 2014
Leave Comments
Name*
Email*
Website
Email me whenever there is new comment