Professional Authors

ရှမ်းပြည်နယ်ရဲ့ ဝေးလံသီခေါင် တစ်နေရာမှ ပေးစာ

လေပြေအဝှေ့မှ
ချယ်ရီငွေ့က တစ်တောင်လုံးသင်း
နှင်းက တဖွဲဖွဲ
လေက တသည်းသည်းနဲ့
အလွမ်းရဲတဲ့နေ့
အလွမ်းကဲတဲ့ည
ကြည့်
ဟိုတောင်ခြေမှာ
မြူခိုးတွေရစ်ဆိုင်း
လေလှိုင်းတွေပုတ်ခတ်
ရင်ဘတ်ကို ဖြတ်တိုင်း
ရင်ဘတ်ကို ဟတ်တိုင်း
အလွမ်းရိုင်းတွေထန်
အလွမ်းမာန်တွေထ
သတိရတဲ့စိတ်က
ဒီတောင်တက်လမ်းကလေးလို
ကွေ့လိုက်ကောက်လိုက်
မှောက်လိုက်လှန်လိုက်နဲ့
မောဟိုက်လို့ပန်း
နွမ်းလျလို့ခွေ
လွမ်းရင်း ငါ
သေသွားနိုင်တယ်မနောဖြူလေးရယ်။

In: ကဗျာ Posted By: Date: Jun 21, 2010
Comment #1

မနောရေ
လွမ်းတိုင်းသာပန်းတပွင့်ပွင့်မယ်ဆိုရင်
ဟိုအရင်ရှေးကတေးသွားထဲကစာသားတပုဒ်
ုထုတ်သုံးခွင့်ပြူမယ်ဆိုရင် သုံးလိုက်ချင်ပါတယ်။
အဲံဒါလေးကတော့
လွမ်းယောင်သန်းတဲ့ ရှမ်းတောင်တန်းတစ်ခွင်
ပန်းတောင်တန်းတွေဖြစ်မယ်ထင်ပါသတဲ့
အဲဒါမင်းကြောင့်ဖြစ်လာတဲ့အလွမ်းပွင့်တွေပေါ့ကွယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment