Professional Authors

ပေးစာ .

သို့
ညီမလေးရေ…
နေကောင်းရဲ့လား။

သတိရခြင်းနဲ့ သီတဲ့ပန်းပွင့်တွေ
မြောက်လေနဲ့အတူ လွှင့်လိုက်မယ်..
နှင်းပျိုတို့ရဲ့လာရာလမ်းအတိုင်း…။

ရင်နဲ့ရေးတဲ့ အက္ခရာစဉ်တွေဟာ
ရနံ့စုံ ဆက်တင်တွေနဲ့ခမ်းနား
‘လွမ်းသလား’မေးရင် ခေါင်းညိတ်ပါ။

အချိန်ရရင်
သဇင်ပန်းတွေ တီးခတ်ကြမယ့်
ဆောင်ဦးဂီတကို အပြီးသတ်ခြယ်မှုန်း
အဖြူရောင် အပြုံးတစ်ပွင့်လောက်ကိုလည်း
ဒိုင်ယာရီ အသစ်ထဲ သိမ်းခေါက်ထားချင်သေးတယ်။

ပြောတတ်သမျှထက် သတိရတဲ့အကြောင်း
မှန်အောင် စာလုံးပေါင်းဖို့ခက်လို့
ညီမလေးရေ…
ယုံတတ်သမျှသာ ယုံ
ပြီးတော့….နှလုံးခုန်တိုင်းသတိရ။

In: ကဗျာ Posted By: Date: Dec 27, 2012
Comment #1

Hint inn,,
a tet shu tine ta ti ya ..

commentinfo By: ei lay at Dec 27, 2012
Comment #2

အရမ်းကောင်းပါတယ်…ကဗျာတွေအများကြီး မျှော်လင့်နေပါတယ်…

commentinfo By: Yoon Thae Phyu at Jan 4, 2013
Comment #3

dying to miss

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment