Professional Authors

နောက်ဆုံးသော လက်နက် (ယောကျာ်းတစ်ယောက်ရဲ့ လက်နက်)

သူငယ်ချင်းရေ ..

ငါ့အတွက်ပျော်ရွှင်တယ်ဆိုတာ …
သေဆုံးတော့မဲ့ မီးတောက်တစ်ခုလိုပါ….
ဘယ်တော့ ပျောက်ဆုံးမှန်း ငါမသိပါဖူး …
အဲ့အတွက်လဲ ငါ ၀မ်းမနည်းပါဖူး …

ဘယ်တော့မှ မဖြစ်နိုင်တဲ့ အရာတစ်ခု အတွက် ..
ဘယ်သော အခါ မှ လဲ ငါ မမျှော်လင့်ခဲ့ဖူး …
ကိုယ့်အပေါ် ရောက်လာမဲ့ အရာအတွက်ပဲ…
ဘ၀ကိုခြေဆောင့်ရင်း….
တွေတွေကြီးရပ်ကြည့်နေဖူးတယ် ….
အဲ့အတွက်လဲ ငါ ၀မ်းမနည်းဖူး….

မဆုံးနိုင်တဲ့ ခရီးလမ်းတစ်ခု …
ဘယ်တော့မှ ငါ မလျှောက်ဖူးဘူး…..
ရောက်နေတဲ့ နေရာမှာပဲ….
အားလုံးသော အရာတွေထက်သာအောင် ….
ကျားကုတ်ကြားခဲ ကြိုးစားခဲ့ဖူးတယ် …
အဲ့အတွက်လဲ ငါ ၀မ်းမနည်းဖူးဘူး ….

ထမင်းဆီစမ်းနဲ့ရွှေလင်ပန်း….
မရလို့ ငိုကြွေးနေတဲ့ ကလေး …
ငါ ဘယ်တော့မှ မဖြစ်စေရဖူး …
မြင်နေရတဲ့ အရာတွေအတွက် ..
လက်ထဲဆုပ်ကိုင်ခွင့်ငါ့မှာ ရှိတယ် …
ကြိုးစားတိုင်းလဲ မဖြစ်ခဲ့တာတွေရှိတယ် …
အဲ့အတွက်လဲ ငါ ၀မ်းမနည်းဖူးဘူး …

နေစရာမရှိ စားစရာမရှိ ..
ဆင်းရဲမွဲတေနေတဲ့ ဘ၀မျိုး ငါမနေချင်ဖူး …
တကယ်လို့ နေခဲ့ရရင်တောင် …
ငါ့အတွက် ခြေတစ်ချောင်းထောက်စရာ တစ်နေရာပဲပေးပါ ….
မဖြစ်နိုင်ဖူးဆိုရင်တောင် ကမ္ဘာကြီးကို ငါ ရွှေ့ပြမယ် …

ဘယ်တော့မှ ငါ ခေါင်း မငုံ့ဖူးဘူး …
မဖြစ်မနေခေါင်းငုံ့ရမယ်ဆိုရင်တောင် ဒူးမထောက်ဖူး …
အဲ့တာ အဆုံးစွန်ပဲ …
ငါတို့က ယောကျာ်း ပါ …
နောက်ဆုံး ဘားမှ မကျန်တော့ရင်တောင် …
တစ်ခုတော့ ငါ့တို့ဆီမှာ ကျန်ခဲ့ရမယ် …
.
.
.
.
ဟုတ်တယ် … အဲ့တာ ငါ့ တို့ ရဲ့ မာနပဲ ….

In: ကဗျာ Posted By: Date: Sep 29, 2014
Comment #1

မိုက်တယ် ။ ပြန်တင်မို့ ကူးသွားးးတယ်

commentinfo By: ဇော်သက်ဦး at Oct 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment