Professional Authors

ကိုယ့်စိတ်

ပန်းဆိုရင် လည်း
ဖူးရာမှငုံ ငုံရာမှပွင့်
ပွင့်ရာမှလန်း
ရနံ့ဆန်းသည်
ရဲရဲချစ်၍ယုံစေချင်။
ကမ်းဆိုရင် လည်း
ပြန်ပြန်သွားသွား
ဆန်ဆန်နားနား
အပါးရောက်ခိုက်
မိုက်စိတ်မ နှော
ကမ်းသ ဘောကို
ရဲရဲချစ်၍ယုံစေချင်။
လမ်းဆိုရင် လည်း
လျှောက်လျှောက်ပြေးပြေး
နှေးနှေးမြန်မြန်
သူ့ဟန်ပန်လိုက်
သူ့အကြိုက်ကို
ဆောင် သည့် တစ် ကျော
လမ်းသ ဘောကို
ရဲရဲချစ်၍ယုံစေချင်။
သူ့ကိုမြင် မိ ချစ်သည့်နေ့က
အစပြု၍ သစ္စာသ ဘော
ချစ်ယာဉ်ကျောဝယ်
သူ့စိတ်ဇောဖြင့်
မျောခဲ့သည်။ ။


In: ကဗျာ Posted By: Date: Sep 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment