Professional Authors

ဆောင်းအိပ်​မက်

အိပ်​မက်​ကဆိုးလိုက်​တာ
နင်​ပြန်​မလာ​တော့ဘူးတဲ့
မြူမှုန်​နှင်း​တွေကြားမှာ​လေ
ငါတစ်​​ယောက်​ထဲ….
.
လည်​ပြန်​ကာလှည့်​လို့ကြည့်​မိ
နင့်​အသံ​လေးများ…..
အ​မှောင်​ထုထဲမှာကြားမိလိုက်​သလား
ငါညတိုင်းမက်​တဲ့​ခြောက်​အိပ်​မက်​​ပေါ့
.
တ​ရေးနိုး​လာတော့
စမ်းတ၀ါးဝါးနဲ့လိုက်​လို့ရှာ
နင်​က​တော့ဘယ်​ဆီဘယ်​နားမှာ
အသဲ​ရေလို့…​အော်​လိုက်​မိတာ
.
ဆောင်းညရဲ့အလယ်​မှာ​လေ
အ​မှောင်​​တွေနဲ့လုံး​ထွေးလို့
အ​တွေးဝင်္ကပါမှာလှိုက်​​မောရင်း
နှလုံး​သွေးက​ပွက်​ပွက်​ဆူလာ
.
ရင်​ပူစရာအိပ်​မက်​ပါပဲ
နင်​ပြန်​မလာတာလဲတကယ်​ပါပဲ
ပုံပြင်​အမှန်​​တွေကိုသယ်​​ဆောင်​လာတဲ့
ငါလဲတကယ်​မမက်​ချင်​ခဲ့တဲ့
ဒီ​ဆောင်းညအိပ်​မက်​များရယ်​…
In: ကဗျာ Posted By: Date: Dec 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment