Professional Authors

ဘ၀လမ်း

အရာရာသည်​​ပျောက်​ဆုံးပြီ
နင့်​နောက်​ကိုငါလိုက်​လို့မမှီတဲ့
နေရီရီည​နေခင်း….
တိမ်​​တွေသည်​လဲပြန့်​ကျဲလို့
နင့်​ပုံရိပ်​​တွေလဲရှာမရ​တော့ပြီ

အ​မှောင်​မလာခင်​အ​ဝေးကို​ပြေး
တဖြည်းဖြည်းနဲ့လွင့်​​ပျောက်​ကွယ်
ကယ်​သူမဲ့တဲ့သန်း​ခေါင်​ယံထဲ…
ပြန်​မရ​တော့တဲ့လမ်းကိုလက်​လှမ်းရင်း
အနမ်း​တွေနင့်​ဆီပို့လိုက်​တယ်

ငါ ဘယ်​​တော့မှထပ်​မချစ်​​တော့ဘူး
တစ်​ခါရူးဖူးလို့လုံ​လောက်​ပြီ
နေ​ရောင်​နီလာမယ့်​လမ်း…
နင်​မပါ​တော့ပဲ​လျှောက်​လှမ်းဖို့
အလွမ်းရိက္ခာ​တွေငါ့မှာပြည့်​ခဲ့ပြီ

ဘ၀ဟာအရိုးရှင်းဆုံးဆန်းပြားမှုပဲ
အမြဲတမ်း​ပြောင်းလဲမှု​တွေကြား
အကြမ်းပတမ်းပဲလှုပ်​ရှား
အသွားအပြန်​အယက်​အကန်​​တွေနဲ့
မဲ့ပြုံး​တွေအခါခါပြုံး​ရင်း
နေကလဲသာဆဲ
လကလဲသာမြဲမို့
ငါကလဲဆက်​​လို့လျှောက်​​နေဆဲ…..။

In: ကဗျာ Posted By: Date: Jul 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment