Professional Authors

ရှင်နေလျက်နဲ့ သတ်သေသူ

ရှင်နေလျက်နဲ့ သတ်သေသူ
+++++++++++++++++++

လူမရှိတဲ့မြေ သက်ဆင်းရုံဖြင့်
မင်းပိုင်တယ်လို့ မထင်မှတ်ချင်..
သူဟာသူ လှနေတဲ့ သဘာဝကို
မဆက်စပ်စမ်းပါနဲ့

လှမ်းကြည့်စမ်းပါ ဟိုးမြင့်ဝေဟင်ကို
ကြယ်စင်နဲ့ စန္ဒာ လှပစွာ စံစားနေကြ
တောင်ရဲ့ သံစဉ်တွေနဲ့ အတူ သီဆိုကြမယ်.
လေပြေရဲ့ အရောင်တွေအောက်မှာ ဆေးခြယ်ဦးမလား

မုန်တိုင်းနဲ့ မြစ်တွေက ငါတို့ရဲ့အမျိုးတွေ
တောကောင်လေးတွေက ငါတို့ နဲ့ ညီအစ်ကို
ကမ္ဘာမြေကြီးကတော့ တို့တစ်တွေ ရဲ့ မိခင်ပေါ့
အဖကောင်းကင်ကနေ တို့တွေအတွက် ရှင်သန်ခြင်း
ပုလဲတွေ ကျွေးမွေးနေရဲ့…..

မင်းသိမယ်မထင် ဟိုးတစ်ချိန်က
ဝံပုလွေတွေ လပြည့်ညမှာ ဘာကြောင့်အူသလဲ
ဒါလည်း သူတို့တစ်တွေရဲ့ အလွမ်းငိုညည်းသံ
ကြောင်တောင်တောင် သူတို့ရဲ့ အလဟဿ
ရယ်သံတွေမဟုတ်ဘူးဆိုတာကို….

တို့တွေအတူ ပျိုးပင်တွေနှုတ်ကြမယ်
တစ်မျိုးတစ်မြည်တော့ မထင်လေနဲ့
အမုန်းပင်ပျိုတွေကို စိုက်သိမ်းခဲ့သူတွေအတွက်
အားလုံးစုပေါင်းရင်တော့ တွန်းလှန်နိုင်မတဲ့
အသုံးမကျရင် အနုမြူလည်း သုံးတန်သုံးရမှာဘဲတဲ့

အနေမကျ ဖြေမရတဲ့အခါ
ပြုံးတုံ့ ပြုံးလှည့် ကျီစယ်ကာ နေပါရစေတော့…..။


တောတောင်ရေမြေ၊ နေစေချင်သူ
………………ကိုဇေ…………..

In: ကဗျာ Posted By: Date: Jun 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment