Professional Authors

ချစ်လျက်နဲ့ ကြေကွဲခဲ့ရပြီ

အိုဘယ့်အချစ်ရေ……….
ကံတရားတွေက ချစ်ခွင့်တွေ ဖန်တီးလာပါရဲ့
နေရောင်တောင်စွယ်မှာ ကွယ်တော့မဲ့ ခဏမှာ
တို့နှစ်ယောက်ရဲ့ကြား အမှောင်ထုထည်က
စည်းခြားတော့မယ် ကိုယ်စီသိက္ခာတွေနဲ့
အချစ်တွေရင်မှာသိုဝှက်ထားပြီး ခရီးဆက်ခဲ့တဲ့
တို့ရဲအနာဂါတ်တွေက မနက်ဖြန်လိုနဲ့ ဝေးခဲ့ကြတာ
လောကဓံတရားရဲ့ ရိုက်ချက်ကြောင့်ပေါ့….

အခုတော့….
မကြင် ရက်စက် ယုတ်မာရဲတဲ့
ကံကြမ္မာဆိုးတွေကို ရင်ခွင်ပိုက်ရင်း
လောကဓံပြကွက်ထဲ ဇာတ်ကြမ်းတစ်ပွဲနွဲလိုက်ပေမဲ့
မာယာလှည့်ကွက်ထဲ ထောင်ချောက်မိသလို
ဆက်ချစ်ခွင့်တွေ မရသူ ငါအတွက်
ပျော်စရာ ဘုံဗိမာန် ပျောက်ဆုံးနိဂုံးရောက်ခဲ့ပြီ ချစ်သူ
နွေလယ်ကမ္ဘာမှာ လေပွေပမာ ဆော့ကစားတဲ့ သစ်ရွက်ချောက်လို့ပေါ့…

သုခဘုံဖြစ်သော်လည်း မပျော်ရွှင်နိုင်တဲ့ဘဝမှာ
ဝမ်းနည်းမှုတွေ စိတ်သုန်း ရေခဲပြင်ပမာ အေးခဲခဲ့ပြီ
မည်သို့ပင် အချစ်အတွက် တာဝန်ကျေခဲ့ပေမဲ့
နောင်တဟာ ကျားဆိုးတစ်ကောင်လို
ငါအတွက်တော့ ကမ္ဘာခြားလျက် ဝေးခဲ့တယ်
ဒါပေမဲ့ အချစ်ကို ငါ့ရင်ဘတ်ကြီးနဲ့ ပုံအောပြီး ချစ်ခဲ့တယ်..
တားမြစ်ချက် ကန့်သတ်မဲ့ မင်းတစ်ယောက်တည်းအတွက်
ငါ့ရင်ဘတ်ကြီးနဲ့ အေးအတူ ပူအမျှ ကြင်နာခဲ့တယ်..
ငါအတွက် အခုတော့ ဘယ်မှာ ဝမ်းနည်းစရာတွေ ရှိနိုင်မလဲ ချစ်သူ..။

မျက်ရည်တွေ နေဆယ်စင်းပူတဲ့ အပူရှိန်လို
မြင့်တက်နေပါစေအုန်း ကိုယ်ဘယ်တော့မှ မမှုခဲ့ဘူး
ထာဝရရင်မှာ ထာဝရဆုံးနိုင်ခွင့် ပျောက်ဆုံးကင်းကွာတော့မည့်
တစ်ပွင့်သောပန်း ပန်ဆင်သူ ကြင်ချစ်သူဟာ
ရွေးကောက်ပွဲအောင်မြင်လို့ စေ့စပ်ပွဲကျင်းပတဲ့အခိုက်
ကိုယ်အတွက် ဆွေးမြေးငိုကြွေးဖို့ မထိုက်တန်ပါဘူးလေ ချစ်သူရေ
တကယ်တမ်း ဆန္ဒတွေကို ကြေငြာပြီး
အဆိပ်သင့်အမုန်းတွေနဲ့ လမ်းခွဲခဲ့တာ မဟုတ်ဘူးလေ..
သို့သော် မလွန်ဆန်နိုင်တဲ့ ကြမ္မာမုန်တိုင်းရဲ့
နိယာမတွေကြောင့် မီးပုံကိုတိုးမိတဲ့
ပိုးဖလံလို အတောင်ပျက် ဘဝညှပ်ခဲ့တာပါ ချစ်သူရယ်…။

ဒီအချိန်မှာ……..
ကိုယ် မင်းနဲ့ခွဲခွာပြီး အဝေးဆုံးတစ်နေရာကို
ထွက်ခွာရတော့မယ် ကိုယ်ရဲ့ အသက်ရှုရှိုက်သံတွေ
လေးလံထိုင်းမှိုင်း မောဟိုက်နေပြီ..
ကိုယ်တို့နှစ်ယောက်အတွက် သေဆုံးခြင်းဟာ
ပျော်စရာဗိမာန် တစ်ခုမဟုတ်ပေမဲ့
တို့နှစ်ယောက် မကြာမှီ လမ်းခွဲရတော့မယ်..
ပေါင်းဆုံခြင်း သချာင်္အနားသတ်ဟာ
ဝေးကွာခြင်းလက်မှတ်တစ်ခုဆိုတာ
မင်းလည်း သိလာခဲ့ပြီ ချစ်သူ….။

အချစ်ပင်ပျိုးလို့ အချစ်ပန်းပင်လေးမှာ
ချစ်ပန်းရနံ့လေးတွေကို နမ်းရှိုက်လို့ မဝသေးခင်
ပင်ယံရွက်နုဘဝနဲ့ လေကြမ်းကြမ္မာတွေကြောင့်
မြေခကြွေကျလို့ ပျောက်ဆုံးတော့မယ် ချစ်သူရယ်..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 31, 2011
Comment #1

အချစ်ပင်ပျိုးလို့ အချစ်ပန်းပင်လေးမှာ
ချစ်ပန်းရနံ့လေးတွေကို နမ်းရှိုက်လို့ မဝသေးခင်
ပင်ယံရွက်နုဘဝနဲ့ လေကြမ်းကြမ္မာတွေကြောင့်
မြေခကြွေကျလို့ ပျောက်ဆုံးတော့မယ် ချစ်သူရယ်..။
အားပေးနေပါတယ်

Comment #2

ကောင်းလိုက်တဲ့ကဗျာလေးဗျာ…
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Oct 31, 2011
Comment #3

I am really like your poem that you will be really compose their poems.

commentinfo By: comeonkiss at Oct 31, 2011
Comment #4

tar myit chat kant tat me min ta yout de a twat
ngar yin bat g ne aye a tu pu a hma kyin nar hmu ne chit ke d.

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment