Professional Authors

နင် ပြန်လာတဲ့ တစ်နေ့

ဘ၀တစ်လျှောက်လုံးမှာ
အရေးပါခြင်း မပါခြင်းကို
ငါ မပြောလိုတော့ပါ
ဘ၀တစ်လျှောက်လုံးအတွက်
ငါ့ ပျော်ရွှင်မှုနဲ့
ငါ့ နှလုံသားကတော့
မင်း လက်ထဲမှာပါ။

ဟိုးအဝေးကို နင် ရှောင်ပုန်း
နင့် နှလုံးတံခါးထဲက ဒီရင်ခုန်သံ
ငါ ကြားခွင့်မကြုံရလည်းပဲ … ။

နင် ပြန်လာတဲ့ တစ်နေ့ …
နင်နဲ့အတူ လိုက်ပြေးသွားတဲ့
ငါ့ ရင်ခုန်သံ ပျော်ရွှင်ကြည်နူးမှု
တစ်ပါတည်း ပါလာကောင်းရဲ့
ငါဆုတောင်းမိပါတယ် … ။

In: ကဗျာ Posted By: Date: Jun 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment