Professional Authors
၎င်းနှင့် ပါတ်သက်သောအခါ
့
အနာဂါတ်ဆိုတာ
ငါတို့ မရောက်ဖူးတဲ့ နယ်မြေသစ်တစ်ခုမို့ 
သေချာတဲ့ ဆုပ်ကိုင်မှု့ တစ်ခုခုအတွက်တောင်
မသေချာဘူး…………မေ
ဘယ်ဘက်ရင်အုံကို
ခဏခဏလှော်ခတ်တက်သူမင်းအတွက်
မင်းရဲ့ စာမျက်နှာတွေ
ယိုယွင်းလာမှာကိုစိုးထိတ်မိပါရဲ့ ………..
 အလင်းရောင်လို့ တိတိပပခေါ်ဆိုနိုင်ဖို့ 
အမှောင်လိုအပ်လိမ့် မယ်
ဒွန်တွဲမှု့ တွေတိုင်းဟာဆန့် ကျင်ဘတ်ဆိုပေမဲ့ 
မင်းနဲ့ တူတူရှိနေတဲ့ ငါက
မင်းရဲ့ ဆန္ဒတိုင်းကိုလိုက်လျောဖူးတဲ့ 
နံရံချပ်တွေနဲ့ ပိတ်လှောင်နေဆဲ
ရက်စက်တယ်လို့ မသုံးနှုံးပါဘူး
မင်းသဘောအတိုင်းပေါ့ ဆိုတာက
ဦးခေါင်းထဲအလိုလိုသံမှိုစွဲနေလို့ လေ……………
မေရေ……………………..
အငြိုးတွေကျိန်စာတွေမဟုတ်ဘူးနော်
အတ္တကိုနဲနဲလောက်လျှော့ စရာမလိုပါဘူး
ဒါပေမဲ့ 
တန်ပြန်လာတာကိုတော့ ခံနိုင်ရည်ရှိပါစေ။
ဘာသာဗေဒအဟောင်းဆိုပေမဲ့ 
အဲ့ ဒီထဲကထာဝရဆိုတဲ့ စကားလုံးကို
ခပ်ရဲရဲတောင်မသုံးရဲပါဘူးမေ…………
ဒါပေမဲ့ လည်း
မင်းအတွက်အမြဲတမ်းတော့ 
ရင်ဘတ်ကတံခါးမကြီး
သော့ ပွင့် ပြီးသားပါ။
ကမ္ဘာကြီးယိုးယွင်းစပြုလာပြီတဲ့ မေ
အနာဂါတ်ဆိုတာငါတို့ မရောက်ဖူးတဲ့ 
နယ်မြေသစ်တစ်ခုမို့ 
လက်တွေ့ ဆန်ဆန်တွေးလိုက်တိုင်း
ငါမင်းဘေးမှာအချိန်ဖြုန်းနေတာ
မှန်ပါစေလို့ 
ဆုတောင်းဖူးတယ်
ဆုတောင်းဖူးခဲ့ တယ်………မေ
                                         မင်းလူန
In: ကဗျာ Posted By: Date: Aug 30, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment