Professional Authors

ဒုက္ခသည်ရဲ့ တေး

တကယ်ဆိုရင်
ဒီမှာ နည်းနည်းလေးမှ မပျော်ဘူး

ခဏ ခဏ
အထုပ်ထမ်းပြီး ပြေး ပြေးနေရတာမို့
အနူးက ဒီမှာနေဖို့ ဆုံးဖြတ်လိုက်တာ

ဟိုမှာကြည့်စမ်း
လက်တစ်ဝါးသာသာ မြေဆွေးပေါ်မှာ ပန်းပင်လေး ခေါင်းထောင်နေတယ်

ကျောက်သားထူတဲ့ တောင်စောင်းမှာ
သစ်ပင်ဟာ မရမက အမြစ်တွယ်ကပ်ပေါက်နေတယ်

ရသမျှ သစ်ရွက်သစ်ခက်နဲ့
အကိုင်းပေါ်မှာ ငှက်တစ်ကောင် အသိုက်ဆောက်နေတယ်

ကမ္ဘာမြေကြီးမှာ
ကျနော်တို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေဖို့ တစ်နေရာရာတော့ ရှိဦးမှာပါ အနူးရယ်

လောလောဆယ်တော့
ဒီမှာ ဝေတဲ့ ဆန်ကို စားနေရဦးမယ်
ဒီမှာ ဝေတဲ့ ရေကို သောက်နေရဦးမယ်
ဒီမှာ ထိုးထားတဲ့ တဲမှာ နေနေရဦးမယ်

In: ကဗျာ Posted By: Date: May 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment