Professional Authors

(၅၆) နှစ်သားတစ်ယောက်ရဲ့ ကသောက်ကရောက် အချစ်စစ်တမ်း (မောင်ခိုင်မာ)

တကယ့်ကို အမှတ်တမဲ့ပါပဲ
ဒြပ်မဲ့ အချစ်ဆူးချွန်ချွန်နဲ့ 
… မြစ်နဖူးအစွန်မှာ သွားထိုင်ပြီး
နဂါးဖဖ်းဖို့  အားစမ်းခဲ့တဲ့ အချစ်
ဟိုတုန်းက … (၁၆) နှစ်။

ထိလိုက်ရင် … ရွှေစင်
ခြွေလိုက်ရင် … ပတ္တမြား
မှော်ဆရာတောင် ဖျားလောက်ရဲ့
ကဗျာသမားတစ်ယောက်ရဲ့ အချစ်
ဟိုတုန်းက … (၂၆) နှစ်။

ခေတ်ကြို ခရီးအဆန်မှာ
အချစ်ကို အထီးကျန် မဖြစ်စေရ
မီးလျှံတွေစားပြီး ခွန်အားသစ်
ဖီးနစ်ငှက်တစ်ကောင်ရဲ့ အချစ်
ဟိုတုန်းက … (၃၆) နှစ်။

မသိသေးတာတွေ သိလိုက်ရပြီ
အဲဒီအခိုက်အတန့် လေးမှာပဲ
ပြေးလမ်းပေါ်မှာ ငေးကြောင်ကြောင်ပ
သွေးပေါင်ကျခဲ့ရတဲ့ အချစ်
ဟိုတုန်းက … (၄၆) နှစ်။

မီးကျီးခဲ ရဲရဲပေါ်မှာ
နှစ်စီးတွဲ အချစ်အိုကြီးပါတကား
ဆီပျောက်, မီးပျောက် ဘီးလည်းပေါက်ခဲ့
ခရီးမရောက်တော့တဲ့ အချစ်
ကွန်ပြူတာခေတ်ထဲက … (၅၆) နှစ်။

အလို “ငါးဆယ့်ခြောက်” ကိုမှ
အားနဲ့ မြှောက်ပြီး …
ဓားနဲ့ ပေါက်လိုက်တာ ဘယ်သူလဲဟေ့။ ။

မောင်ခိုင်မာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment