Professional Authors

သဝေထိုး သ ရေးချ

ကျနော်တို့ဝန်းကျင်မှာ
သေမယ်ဆို သေနိုင်စရာတွေ အများကြီး

ငလျင်လှုပ်လို့ သေ
မိုးကြိုးပစ်လို့ သေ
တိုက်ပေါ်က ပြုတ်ကျ သေ
လမ်းဖြတ်ကူး ကားတိုက်ပြီး သေ
ဝါယာကြိုး ဓါတ်လိုက်လို့ သေ

လက်ဖက်ရည်ဆိုင်ထိုင် လူအုပ်ရိုက်သတ် သေ
အမြန်လမ်း ကားမီးလောင်လို့ သေ
အရပ်သား လက်နက်ကြီးထိ သေ
ဆိုင်ကယ်မောင်း လေယာဉ်ပိကျ သေ
သင်္ကြန်တွင်း ရေလည်ခံထွက်မိ သေ

ဂျင်းသုပ်နဲ့ ရေခဲမုန့် စားမိရင် သေ
ကြောင်လျှာသီး ကြက်သားနဲ့ မတည့် သေ
ဘဲဥနဲ့ ဖရဲသီး မစားနဲ့ သေ

… … … … … …
… … … … … …
… … … … … …
သေ

နွေဦးလေရူး

In: ကဗျာ Posted By: Date: May 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment