Professional Authors

နှလုံးသာရဲ့ လွမ်းချင်း

အသားဖြူဖြူ အရပ်မြင့်မြင့်ကောင်လေးတစ်ယောက်
ကျွန်မဆီ လမ်းလျှောက်လာတာကြည့်ရင်း
နှလုံးခုန်သံတွေ ဝုန်းဒိုင်းကြဲလို့
လက်ဖျားတွေ အေးစက်လာတဲ့ အထိ
ကျွန်မ ခံစားရဖူးတယ်
ပထမဆုံးတွေ့စဉ်ကပေါ့….

သူ့ခါးလေးဖက်လို့
ဆိုင်ကယ်အတူတူစီးရင်း
မြို့အနှံ့လျှောက်လည်စဉ်
သူ့မျက်နှာတစိမ့်စိမ့်ကြည့်လို့
အချိန်တွေလည်းမေ့ခဲ့ဖူးတယ်
ချိန်းတွေ့စဉ်အခါကပေါ့…

သူဆိုပြတဲ့သံစဉ်လေးတွေနဲ့
တိုင်းရင်းသားသံ ဝဲဝဲလေးက
ကျွန်မအတွက် အိပ်ယာဝင်တေးဖြစ်စေခဲ့တယ်
ဝေးနေစဉ်အချိန်ကပေါ့…

ခုတော့လည်း
အမှတ်တရတွေပြည့်နှက်နေတဲ့
အတူတူသွားဖူးတဲ့နေရာတွေမှာ
ကျွန်မဘေးက လွပ်နေတဲ့ကွက်လပ်လေးငေးရင်း
ပျော်မြူးနေတဲ့ စုံတွဲလေးတွေကြား
မျက်ရည်တွေ ခိုးခိုးသုတ်လို့
မလွမ်းချင်ယောင်ဆောင်ရတာ
ပင်ပန်းလှပြီမောင်ရာ
အမြဲတမ်း ထာဝရအတွက်မဟုတ်ခဲ့ပဲ
ဘာလို့များ ချစ်တယ်လို့ပြောခဲ့ရတာလဲကွာ…

In: ကဗျာ Posted By: Date: Apr 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment