Professional Authors

အိပ်မက်သက်သက်

အချိန်တွေကြာတော့

မက်ခဲ့ဖူးတဲ့ အိပ်မက်လေးတစ်ခုကို

ပြန်သတိရမိရဲ့။

 

တကယ်တော့ အချစ်ဆိုတာ

အိပ်မက်တစ်ခု လိုသာဆို

ဘယ်လောက်ကောင်းမလဲ။

 

နာကျင်မှုတွေ သိပ်များလွန်းလို့

မခံစားနိုင်တော့ရင်

နိုးထ

အိပ်မက်တစ်ခုလိုသာ

သဘောထားနိုင်ခဲ့ရင်

ငါ ဒီလို မခံစားနေရဘူးပေါ့။

ရင်ခုန်သံတစ်ချက်ကြောင့်

ငါရှေ့ဆက်ခဲ့မိရင်တောင်

အချိန်တန် နိုးထ

နဂိုဘ၀ထဲပြန်လာခဲ့ရုံပေါ့။

 

ဒါပေမဲ့..

ဒါဆို အချစ် မဟုတ်တော့ဘူး

စိတ်ကူးယဉ် အိပ်မက် သက်သက် ပဲလေ။

 

အိပ်မက်သက်သက်မဖြစ်နိုင်တော့…

ငါ နာကျင်ပင်ပန်းရတယ်ပေါ့.. ။


MOON (2.4.2014)  

In: ကဗျာ Posted By: Date: Apr 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment