Professional Authors

နာမည်တပ်မရတဲ့အချစ်…

တစ်ကမ္ဘာလုံးသိလည်း

နင်မသိသေးရင်… ။

 

တကယ်တော့

မာနကြောင့် ဆိုတာ

မဟုတ်ဘူး ညာတာ။

 

အမှန်က

ငါ သတ္တိ မရှိတာ.. ။

 

ဒီstatus quo ကိုဖျက်ဆီးပစ်ဖို့

ငါလက်တွန့်နေခဲ့တာ။

 

ဒီအချိန်လေးကို ဆုံးရှုံးသွားမှာ

ငါကြောက်ရွံ့နေခဲ့တာ။

 

ဒီကြောက်စိတ်ကို အရင်းခံပြီး

ငါနောက်ဆုတ်ချင်ခဲ့တာ။

 

ဒါပေမဲ့…

ငါ့ဦးနှောက်က ခေါင်းမာသလောက်

ငါ့နှလုံးသားက ပိုခေါင်းမာသတဲ့။

တားမရဆီးမရ ပုံအောပြီးချစ်မိခဲ့။

 

စွန့်လွှတ်ချစ်လည်းမဟုတ်ဘူး။

ပေးဆပ်ချစ်လည်းမဟုတ်ဘူး။

ငါချစ်တတ်သလို ငါချစ်ခဲ့တာ။

 

နင်ကမချစ်တတ်သလောက်…

ပေးတိုင်းပြန်မရလည်း …

ငါက သိပ်ချစ်တတ်ခဲ့တယ်ပေါ့။

 

MOON (April 4, 2014)

In: ကဗျာ Posted By: Date: Apr 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment