Professional Authors

ကျောင်းသားဘဝ

“ကျောင်းသားဘ၀”

 

အပေါင်းအသင်းတွေက အဖော်စပ်…

သောက်ရက်တွေက မပြတ်…

အဆော့မက်တော့…ကျောင်းတွေပျက်…

ကျောင်းသားဘ၀ ရှေ့ဆက်ဖို့ခက်…။

 

စာမေးပွဲက အနီးကပ်…

ဆရာမတွေက ရက်စက်…

စာတွေက ကျက်ရခက်…

ကျောင်းသားဘ၀ ရှေ့ဆက်ဖို့ခက်…။

 

သူကလေးအပြုံးကို စွဲမက်

မေ့မရတာ…နေ့စဉ်ရက်ဆက်

ကြိုးစားတာက နီးစပ်ဖို့

သူကလည်း ရက်စက်တော့…

အလွမ်းတွေက နှိပ်စက်…

ငါ့ဘ၀တော့… ရှေ့ဆက်ဖို့ခက်…။

 

ဒီအရာအားလုံး စုပေါင်း…

ထုထောင်းခဲ့တာ ဖွတ်ဖွတ်ကြေ

အကြေမစောဖို့ ကြိုးစားခဲ့လည်း…

မပြည့်နိုင်တာ… Roll Call…

ဖြေခွင့်မရတဲ့ စာမေးပွဲကြောင့်

ကြံရာမရလို့ စံရာကျေးဆီသို့…

ပြန်ကာပြေးလိမ့်လား…။

In: ကဗျာ Posted By: Date: Jun 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment