Professional Authors

“ရှင်မ..နေမကောင်းဘူး..”

ရှင်မ..နေမကောင်းဘူး…
နှာသံပါပါလေးနဲ့…ရီလို့…
စိတ်မပူအောင်…
သရုပ်ဆောင်နေသေးတယ်……

ရှင်မ..နေမကောင်းဘူး…
အခု.ဆေးသောက်..ခဏနေပျောက်သွားမှာပါတဲ့
ခေါင်းမထူနိုင်တာတောင်….
ကြိုးစား..ချက်ပြုတ်…
အိမ်အလုပ်တွေ လုပ်နေသေးတယ်…..

ရှင်မ..နေမကောင်းဘူး…
နဖူးလေးစမ်း…ပါးကိုနမ်းပါ….
ဆေးသောက်စရာမလို….
ဒါဆို…
အမြန်ပြန်ကောင်းသွားမှာတဲ့…..

ရှင်မ..နေမကောင်းဘူး….
လွှဲယူလို့ရရင်…
ငါပဲ ဖြစ်လိုက်ချင်ပါတယ်……
အမြဲပြုံးနေတတ်တဲ့ မင်း….
နွမ်းနယ်နေတာတွေ ကင်းရှင်းသွားအောင်ပေါ့…..

နေမကောင်းတာတွေ..အမြန်ပျောက်…
ရယ်မောပျော်ရွှင်စရာတွေ အမြန်ရောက်ရေး……
ဥုံ..ခံပြီး…မန်းပေးလိုက်မယ်…..
နာဖျားခြင်းကင်း….
ရှင်မ..မျက်နှာပေါ်မှာ….
ပန်းတစ်ခင်း..မင်းမူစေ…………။

လေးညှို့ရှင်
(၂၁.၃.၂၀၁၄)
2:54 PM

In: ကဗျာ Posted By: Date: Mar 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment