Professional Authors

သူမသည်…… သူ့အတွက်……..

 ရင်ဆိုင်ကြည့်ကြပါစို့လေ

ဆိုတဲ့….. အားပေးစကားတစ်ခွန်းနဲ့တင်

ကိုယ်ဆိုတာကလည်း

ရွပ်ရွပ်ချွံချွံနဲ့ကို တိုက်ပွဲဝင်ခဲ့မိတာ…..

 

သူစေညွန်ရာအတိုင်းပါပဲ

ကျွန်မဆိုတာကလည်း

ဘယ်အရာမှမကြောက်တတ်ခဲ့ပုံများ

ကိုယ့်ကိုကိုယ် မိန်းမသားဆိုတာတောင်မေ့တယ်…..

 

ကျွန်မလေ ဘာကိုမှမမျှော်လင့်တတ်ဘူး

ဒီတော့… ဘာကိုမှ မဆုံးရှုံးခဲ့ဖူးဘူး

သူကလွဲရင်ပေါ့

သူဆိုတာ….

ကျွန်မရဲ့ပထမဆုံးနဲ့နောက်ဆုံး မျှော်လင့်ချက်…

 

ဒီလိုပါပဲ ဒီလိုနဲ့ပဲ

ကျွန်မဟာသူ့ရဲ့အရုပ်မအဖြစ် ကျေကျေနပ်နပ်

သူဟာ စေညွှန်ရာအဖြစ် သေသေသပ်သပ်

ဒီလိုနဲ့ပဲ

ကျွန်မတို့ဟာ နေ့ရက်တွေအထပ်ထပ်သတ်ခဲ့မိတယ်



ကြက်ခြေခတ်X

19th March 2014 (Wednesday)

12:58 PM

In: ကဗျာ Posted By: Date: Mar 19, 2014
Comment #1

သိပ်ကို ပြောင်မြောက်တဲ့ စာသားလေးတွေပါ…….

commentinfo By: naungyoesit at Mar 19, 2014
Comment #2

အားပေးနေပါတယ်…….ဒီထက်ကောင်းတဲ့ကဗျာတွေလဲရေးနိုင်ပါစေလို့ဆုတောင်းပါတယ်..ဒီကဗျာလေးလဲကောင်းပါတယ်…..

commentinfo By: Thawthawlay at Mar 25, 2014
Comment #3

သူစေညွန်ရာအတိုင်းပါပဲ

ကျွန်မဆိုတာကလည်း

ဘယ်အရာမှမကြောက်တတ်ခဲ့ပုံများ

ကိုယ့်ကိုကိုယ် မိန်းမသားဆိုတာတောင်မေ့တယ်…

commentinfo By: May Kha at Mar 31, 2014
Comment #4

သူစေညွန်ရာအတိုင်းပါပဲ

ကျွန်မဆိုတာကလည်း

ဘယ်အရာမှမကြောက်တတ်ခဲ့ပုံများ

ကိုယ့်ကိုကိုယ် မိန်းမသားဆိုတာတောင်မေ့တယ်…
ကျွန်မတို့ဟာ နေ့ရက်တွေအထပ်ထပ်သတ်ခဲ့မိတယ်

commentinfo By: May Kha at Mar 31, 2014
Comment #5

စာသားတွေမိုက်ပါတယ်.. အားပေးသွားတယ်နော်.

commentinfo By: Titan at Apr 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment