Professional Authors

ကျွန်တော်၏ ဗယ်လ်လင်တိုင်းမ်းဒေး

ဝေးခဲ့ကြပါသည်
ပြက္ခဒိန်တွေဟောင်းလို့
ကြက်ခြေခက်ရက်တွေမပြောင်းသေးတာ ဒီနေ့အထိ

ရောက်ခဲ့ပြန်ပါပေါ့လားကွယ် ခုတော့ဖြင့်
“ချစ်သူများနေ့”
အမှတ်တရတွေအပြည့်ပါပဲချစ်သူ
အသက်ရှုတွေရပ်မတက်ပျော်ခဲ့တာ
တစ်ချိန်က

ဒါပေမယ့်…..

ဒါပေမယ့်ရဲ့ နောက်ဆက်တွဲက
ငါ့ရဲ့ အခုလက်ရှိဘ၀ပါချစ်သူ….

အဲဒီတော့
ဒီတစ်နှစ်အတွက်လည်း
ပြက္ခဒိန်တစ်ချပ်ရဲ့ နေ့စွဲတစ်ရက်အတွက်
ကြက်ခြေခတ်ပါပဲ….

+နောင်ရိုးစစ်+

In: ကဗျာ Posted By: Date: Mar 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment