Professional Authors

“ခုံလုပွဲ”

ခြိမ့်ခြိမ့်သဲသဲ…
ဆင်နွှဲလိုက်ကြတာ…
တကွင်းလုံးအုံးအုံးထ…
ဒီပွဲက …
၂၀၁၄ အတွက် အကောင်းဆုံးဟာသလေ…….

ဘုရားစာရွတ်သူက…ရွတ်…
ပြောင်းဖူးကျွေးသူက..ကျွေး….
ဘုရားဈေးက..အရုပ်ပါမရှောင်…
လက်ဖွဲ့အဖြစ်..ဆောင်..လို့

ရထားတဲ့..နေရာလေး…
မြဲနိုင်သမျှ မြဲစေရေးအတွက်…
ကျစ်ကျစ်ပါအောင်..ဆုပ်…
ပြုတ်မကျအောင်..အားထုတ်လို့ပေါ့……

မျက်လုံးတော် ပေကလပ်နဲ့…
ရိုးသားချင်ယောင်ဆောင်…
နေရာလေး တစ်ခုအတွက်….
အနီ..အနက်..မက…
သက်တံ့ရောင် ဥာဏ်တွေသုံးလို့…..

အံ့အားသင့်စရာ..အကွက်လှလှတွေနဲ့
ပရိသတ်ကို မျက်လှည့်ပြ….
အလှည့်အပြောင်းတွေမှာ…
ကျွမ်းကျင်ပိုင်နိုင်ကြပါတယ်….

အကျိုးအမြတ် အတွက်ဆို…
သိက္ခာကို အလေးမထား….
ဟိုအနံ့ရတဲ့…အကောင်လို…
အမြှီးလေးနှံ့ပြီး…ထိုးထိုးဟောင်နေလိုက်တာများ..လေ….

သရုပ်ဆောင်ချက်တွေက..ပိုင်နိုင်
အမူအရာတွေက.. ပြောင်မြောက်…
ရုပ်ရှင်ဇာတ်ကားသာဆို…
အော်စကာရလောက်ပါရဲ့…….

ကျွန်ုပ်တို့၏..ခုံလုပွဲ….
ဘယ်သူမြဲမယ်..မသိသေးပေမယ့်….
ပွဲအလယ်ရောက်မှ.. ခုံကျိုးကျရင်ဖြင့်..
အကုန် အကျိုးနည်းကြရော့မယ်…….

၂၀၁၄ အတွက်…
စောင့်ကြည့်ရမယ့် အော်စကာ..စာရင်းမှာပါ…..
ပတ်စာခွာ..ဖြာလိပ်မှ..
အောင်နိုင်သူကို သိရမှာပေါ့……

ပွဲပြီးရင်..မီးသေဖို့အရေး..
အကြံဥာဏ်လေး နည်းနည်းတော့ ပေးလိုက်ပါရစေ…
သွားဆိုတာ…ကြာကြာဝါးရမှာမို့….
အာခေါင်ကိုစူးမယ့် အရိုးကိုရှောင်….
လေဆာကို…မှန်မှန်သုံး….

ဒါမှ…
သင်တို့တစ်သက်လုံး…
သွားဖြဲပြီး..ပြုံးနိုင်မှာလေ……….

လေးညှို့ရှင်
(၂၄.၂.၂၀၁၄)
9:55 PM

In: ကဗျာ Posted By: Date: Mar 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment