Professional Authors
မေ…သို့ (၂)
အလွမ်းနဲ့ ငိုကြွေးခြင်းကို သာသင်ကြာပို့ ချတက်သူမေ
ဒီတစ်ခါမခွဲဘူးလို့ ဘာလို့ ပြောနေအုံးမှာလဲကွာ
ငါငိုသံတွေမှာမနက်ဖြန်တွေသေဆုံးသွားတာ
မင်းမှမသိခဲ့ တာ
ဒဏ်ရာဆိုတာခံစားတက်သူရင်ဘတ်မှာတော့ 
သေရာပါမဲ့ အမာရွတ်တစ်ခုဖြစ်နေမဲ့ မှတ်ကျောက်တင်ခံရတဲ့ 
ခစားမှု့ တစ်ခုပါ……….မေ
ဆုံစည်းမှု့ ကိုသာ
ခပ်မိုက်မိုက်မမျော်လင့် တက်ခဲ့ ရင်လို့ 
နောင်တသံလေးနဲ့ သက်မချတက်နေပြီ
အိမ်မက်လို့ ခေါ်ဖို့ လောက်တောင်
အရာရာဟာသိပ်မပီပြင်တော့ ဘူးလို့ 
မင်းရဲ့ မိုင်တိုင်တွေငါဖြတ်ပြီးမှသိရတာလဲ
ဝေးနိုင်သလောက်ဝေးလို့ ရတယ်…မေ
အချိန်တစ်ခုခုထားခဲ့ ပေးသင့် တယ်
ခုငါ့ မှာလွမ်းရင်နဲ့ သေဆုံနေရပြီ
ငါကိုငါထုဆစ်ဖို့ မေ့ နေပြီ
ငါနဲ့ ငါ့ ပါတ်သန်ကျင်တောင်သဟဇာတ
မမျှတော့ ပါဘူးမေ။
မေ…ချစ်တယ်လို့ ငါပြောတိုင်းမင်းက
ပြုံးနေတက်တာကိုငါသဘောကျခဲ့ ပေမဲ့ 
ဒါဟာကြိုတင်ပြင်ဆင်ထားတဲ့ 
သက်ကွင်းတစ်ခုဖြစ်တယ်လို့ ငါဘာလို့ မတွေးမိခဲ့ ပါလိမ့် 
ခုတော့ ငါငိုရင်းလွမ်းတက်နေပါပြီ
                                                            မင်းလူန
In: ကဗျာ Posted By: Date: Jun 19, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment