သည်မိန်းမ
| သည်မိန်းမဟာ သိပ်အတ္တကြီးတယ် | ||||||||||||||||
| နှုတ်ခမ်းကို အမြဲစေ့ထားပြီး ခက်ထန်တဲ့ မျက်နှာ ၊ | ||||||||||||||||
| သူလိုမှ စကားလာပြောလေ့ ရှိတယ် | ||||||||||||||||
| သည်မိန်းမ ဟာ သိပ်ရက်စက်တယ် | ||||||||||||||||
| အိမ်ပြန်ရောက်တဲ့အခါ သူ့ လုပ်စရာတွေ လုပ်ကိုင်ပြီးတာနဲ့ | ||||||||||||||||
| အခန်းပိတ် လော့ချ | ||||||||||||||||
| ” အိပ်ပြီ ” တစ်ခွန်းသာအကြောင်းကြားတတ်တယ်။ | ||||||||||||||||
| (သူ့ ရင်ဘတ်ဟာ ယန္တရားစက်တွေနဲ့  လည်ပတ်နေတာ) | ||||||||||||||||
| သည်မိန်းမဟာ သိပ်မာယာများတယ် | ||||||||||||||||
| စူဠသုဘဒ္ဒါဆိုတာ သူ့ အရင်က ဘဝ | ||||||||||||||||
| သူ့ အလှမှန်သမျှဟာ မာနနဲ့  ရံထားတဲ့ဆူးတွေ | ||||||||||||||||
| ဟက်… ဘယ်လို စုန်းကဝေ ဆိုးမ ပါလိမ့် | ||||||||||||||||
| အနားတိုးပြီး ရူးစေခဲ့တာ ဖျက်ပြင်မရတဲ့ အမှား ကျူးလွန်မိတဲ့အထိ တိုင်အောင်ပဲ | ||||||||||||||||
| (သိပ်ကြောက်ဖို့ ကောင်းတယ်) | ||||||||||||||||
| သည်မိန်းမဟာ သည်းခံစိတ် လုံးဝမရှိဘူး | ||||||||||||||||
| သူ့အပေါ် စကားတစ်ခွန်းလောက်မှားရင် | ||||||||||||||||
| လေယာဉ်ပျံကြီးနဲ့ မသေမချင်းကြိတ်သတ်မတတ် | ||||||||||||||||
| ကက်ကက်လန်အောင် ရန်ဆောင် | ||||||||||||||||
| ဂလဲ့စားချေဖို့ တွေးကြံနေလေ့ရှိတယ် | ||||||||||||||||
| သည်မိန်းမဟာ ဆေးစွဲနေတဲ့ ဘိန်းသမားလိုပဲ | ||||||||||||||||
| အချိန်ရောက်လာရင် စိတ်အချဉ်ဖောက်လာ ၊ | ||||||||||||||||
| သူလက်ကိုသူ ဓါးတွေနဲ့ခြစ် ၊ | ||||||||||||||||
| သူ့ဓါတ်ပုံကို ပစ်မှတ်ထား မြှားနဲ့ပေါက် | ||||||||||||||||
| ပြီးတော့ | ||||||||||||||||
| သူ့ရင်ဘတ်ကို သူဖိပြီး | ||||||||||||||||
| “လိမ်လိမ်မာမာနေ” လို့ ရေရွတ်နေတတ်သေးရဲ့ | ||||||||||||||||
| ( တကယ်စိတ်မမှန်တော့တဲ့ မိန်းမ ) | ||||||||||||||||
| သည်မိန်းမဟာ ငါးစိမ်းသည်မ | ||||||||||||||||
| နေတက်ရေတက် နေကျရေကျ အချိန်မရွေး | ||||||||||||||||
| ဦးနှောက်ထဲ အကြိမ်ကြိမ်ရောက်လာ အမူအရာ/အပြောအဆိုတွေနဲ့  | ||||||||||||||||
| အာရုံခံစားမှုကို ထုသတ်တတ်သေးတယ် | ||||||||||||||||
| သည်မိန်းမ ဟာ သိပ်ရယ်ရတယ် | ||||||||||||||||
| ပေါက်ကရတွေ အမြဲလိုလို လျှောက်ရေး | ||||||||||||||||
| ကဗျာလိုလို / Diary လိုလို – ဟိုယောင်သည်ယောင်ခေါင်းစဉ်တွေတပ် | ||||||||||||||||
| ပြီးတော့ | ||||||||||||||||
| သူဟာ ကဗျာနဲ့  အတူ ကမ္ဘာပေါ်ရောက်ရှိလာတဲ့ သူ ဆိုလား ဝံ့ကြွား | ||||||||||||||||
| မာန်တွေ လှိမ့်တက်နေသေးရဲ့ | ||||||||||||||||
| (တခါမှ အဲဒီ ယောင်စာတန်း တွေ ကို မဖတ်ချင်/မဖတ်ခဲ့/ မဖတ်ဘူးတာ-တကယ် ) | ||||||||||||||||
| သည်မိန်းမ အကြောင်းပြောရင် ကုန်မယ်မထင်ဘူး | ||||||||||||||||
| အန္တရာယ်-မြေပွေးမြွေဟောက်လို မိန်းမ | ||||||||||||||||
| အနားမှာ အနေကြာရင် အလိုလို ဝါးမျိုခံရမယ့် ကိန်းမို့  | ||||||||||||||||
| မနက်ြဖန် သည်မိန်းမကို | ||||||||||||||||
| ကွာရှင်းပြတ်စဲမယ်။ _________________________________________
|
||||||||||||||||
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
မနက်ဖြန်မိုးလေဝသသတင်းမှာ ဖျားနာကင်းပါစေသား မျှော်လင့်ချက်ထားမိတယ်
ကိုယ့်ကမ္ဘာရဲ့  ရာသီဥတုဆိုတာ ချစ်သူက အတည်ပြုပေးမှ လည်ပတ်တာပါ
……………………..
အားပေးမြဲ ….. အားပေးဆဲ