Professional Authors

မမုန်းရက်လေတဲ့ ဟေမာန်

မမုန်းရက်လေတဲ့ ဟေမာန်

 

ငွေလွင်လွင် ဖြူနှင်းတို့ရဲ့

လှပိုင်ရှင် သည်ဆောင်းရယ်

“ဟေမာန်” ကွယ်အမည်ခံလို့

မာန်ကြွကာ သင်သက်ဆင်းတယ်

သင့်လှပခြင်း။

 

ငွေရောင်စွတ်တဲ့ နှင်းပွင့်ရယ်

“လှဧကရီ” အမည်ရပေမဲ့

သည်းကြွေအောင် အထပ်ထပ်ကျလေတော့

စိမ်းလွင်လွင် လှမြက်ခင်းခမျာ

ဝါခြောက်ကာ သေဆုံးရတယ်

အလှအတွက် သူ့ပေးဆပ်ခြင်း။

 

သည်အအေးနဲ့ သည်အလှတွေကြောင့်

ရွက်ခြောက်ဝါကြွေ

နေခြည်ရယ်ရှာမတွေ့

ရွက်မရှိတဲ့ သစ်ခြောက်ကြားမှာ

ရှဥ့်၊ ငှက် တို့ သုဉ်းဆိတ်ရတယ်

အလှသွေးရဲ့ အကျည်းတန်ခြင်း။

 

သူပေးတဲ့ အအေးဒဏ်ကြောင့်

ရက်စက်တယ်ပြောကြလေမလား၊

သူသာလေပိုင်တဲ့ “နှင်း” ကိုမှ

ငါ့မှာကွယ် ချစ်မိလေတော့

ဘယ်မှာဝယ် ကျည်းတန်ကာမူ

ဆောင်းရယ်…. မမုန်းရက်လေခြင်း။

မောင်ပိုင်

In: ကဗျာ Posted By: Date: Mar 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment