Professional Authors

ကြိုးမဲ့ကျော့ကွင်း

ကြိုးမဲ့ကျော့ကွင်း

 

အမှန်ငြိတွယ်လို့၊

သံမဏိထက်ခိုင်။

 

သံယောဇဉ်ဆိုတဲ့ကြိုး၊

တိုးရစ်ဖွဲ့လှိုင်။

 

ကြိုးမဲ့တဲ့ချည်တိုင်၊

မဖြည်နိုင်ထပ်ခါကြော့။

 

နာရီတွေကြာကာညောင်းလို့၊

ရာသီတွေခါခါပြောင်းလေသမျှ၊

ထပ်လောင်းကာ ရစ်နှောင်တင်းတဲ့၊

ကျော့ကွင်းနွယ်ပေါ့။ ။

 

ဟယ်ရီ

 

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

ဒီကဗျာ လေးက ကောင်းတယ် ကိုဟယ်ရီ
ဖတ်လို့လည်း အသံနေအသံထား အရမ်းမိုက်တယ်

commentinfo By: lwanhlainge at Jun 19, 2010
Comment #2

လေးချိုးတွေက ဒီလိုပါပဲ လွမ်းရယ် … ကာရန်တင်မဟုတ်ဘူး … အသံကိုပါ သတိထားရတာပေါ့ …

commentinfo By: harry at Jun 19, 2010
Comment #3

ဟုတ် ညံ့တယ်လို့ မပြောချင်ပေမဲ့ ညံ့တယ် ဒွေးချိုးကို
ကောင်း၂ ရေးတတ်ဝူး ခုထိ
ကိုဟယ်ရီ လေးချိုး ရော ဒွေးချိုး လေး ရော တွေ အရမ်းကြိုက်တယ်

commentinfo By: lwanhlainge at Jun 19, 2010
Comment #4

မရေးတတ်ဘူးဆိုပြီး မရေးဘဲမနေနဲ့လေ လွမ်းရဲ့ … များများသာရေးကြည့် … တဖြည်းဖြည်း အဆင်ပြေလာပါလိမ့်မယ် … စကားလုံးတွေ၊ ကာရန်တွေ၊ အသံတွေ သူ့အလိုလို ပေါ်လာလိမ့်မယ် .. များများရေးဖို့ပဲ လိုတာပါ ….

commentinfo By: harry at Jun 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment